Connect with us

Asia

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မန်ကွတ်တိုင်ဖွန်းမုန်တိုင်းကြောင့် မိန်းကလေး တစ်ဦးသေဆုံး၊ ၇ ဦးပျောက်ဆုံး

မန်ကွတ်မုန်တိုင်း တိုက်ခတ်ပြီးနောက် သစ်ပင်များ ပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် မန်ကွတ် (Mangkhut) တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး မြေပြိုကျမှုကြောင့် အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြောက်ပိုင်း မဲ့ဟောင်ဆန် (Mae Hong Son) ပြည်နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားခဲ့သည်။

အသက် ၃ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးအပါအဝင် လူ ၇ ဦး၏ အခြေအနေအား မသိရသေးကြောင်း အုပ်ချုပ်ရေးမှူး Sirirat Chumuppakan က ပြည်ထဲရေးဝန်ကြီးဌာနသို့ စက်တင်ဘာလ ၁၈ ရက်က တင်သွင်းသော အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြေပြိုကျမှုကြောင့် လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်နယ်မြောက်ဘက်စွန်း Sop Moei ခရိုင်ရှိ နေအိမ် ၇ လုံး လုံးဝပျက်စီးသွားခဲ့သလို ဒုက္ခသည်စခန်းတစ်ခုရှိ နေအိမ် ၆ လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စူပါတိုင်ဖွန်းမုန်တိုင်း မန်ကွတ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသသို့ ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့သည်။ (Xinhua)