Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် အင်အား ၅.ဝပမာဏရှိ ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivolcs) က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Zamboanga del Norte ပြည်နယ် တွင် အောက်တိုဘာ ၁၆ ရက်က အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဌာန က အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ည ၁၁း၅၂နာရီတွင် Zamboanga del Norte ပြည်နယ် Jose Dalman မြို့ အနာက်မြောက်ဘက် ၄၃ကီလိုမီတာခန့် ရှိ မြေပြင်အနက် ၅၃ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကို အနီးအနားရှိ Dipolog မြို့ နှင့် Zamboanga မြို့ များမှ ခံစားသိရှိခဲ့သည့်အပြင် Negros Oriental ပြည်နယ်ရှိ Sibulan မြို့ နှင့် ဖိလစ်ပိုင်အလယ်ပိုင်းရှိ Cebu မြို့မှပင် ခံစားသိရှိရကြောင်း သိရသည်။

ဌာနက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မရှိသော်လည်း နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.