Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ကျောင်းအုပ်ဆရာကြီး တစ်ဦး အသတ်ခံရ

အိန္ဒိယနိုင်ငံ တောင်ပိုင်း Bengaluru မြို့ရှိ Havanur အစိုးရကျောင်၏ ကျောင်းအုပ် Ranganath အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Bengaluru မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်သည် ၎င်း၏ ရုံးခန်းအတွင်း၌ အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

အသက် ၆၀ အရွယ် Ranganath သည် Karnataka ပြည်နယ် မြို့တော် Bengaluru ၊ Agrahara Dasarahalli နယ်မြေရှိ Havanur အစိုးရကျောင်းတွင် အောက်တိုဘာလ ၁၄ ရက်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

“ကျောင်းအုပ်ကြီးက ရုံးခန်းထဲမှာရှိနေတုန်း အမျိုးသားခြောက်ယောက်ပါတဲ့ လူမိုက်အဖွဲ့တစ်ဖွဲ့ဝင်လာပြီး အဲဒီမှာတင် သတ်သွားတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။ “သူနေရာမှာတင် သေဆုံးသွားခဲ့ပြီး အလောင်းကိုတော့ ရင်ခွဲစစ်ဆေးဖို့ အနီးဆုံးဆေးရုံကိုပို့ခဲ့တယ်”

၎င်းအသတ်ခံရသည့်အကြောင်းရင်းနောက်ကွယ်တွင် စာသင်ကျောင်းနှင့် မြေယာအငြင်းပွားမှုတစ်ခုကြောင့်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအဖွဲ့တွင် ပါဝင်ခဲ့သူများအနက် တစ်ဦးအား ဖမ်းမိထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“လူမိုက်အဖွဲ့က တစ်ယောက်ကို ဖမ်းဆီးထားပြီးပါပြီ။ နောက်ထပ် ၅ ယောက်ကတော့ ဖမ်းမမိသေးပါဘူး” ဟု ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.