Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ တွင် လူနေအိမ် မီးလောင်မှု ဖြစ်ပွား လူ ၉ ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံ တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၌ ဖြစ်ပွား ခဲ့သည့် မီးလောင်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့တော် ပါဆေး မြို့ရှိ နှစ်ထပ် လူနေအိမ် တစ်အိမ် တွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်း အချိန်၌ မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံ အမျိုးသား မီးသတ် ဌာန ၏ ထုတ်ပြန်ကြေညာချက်အရ မီးလောင်မှု က ဖေဖော်ဝါရီ ၇ ရက် နံနက် ၂ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ မီးသတ် တပ်ဖွဲ့ က အချိန် ၁ နာရီ ကျော် မီးငြိမ်းသတ် အောင် ဆောင်ရွက်ခဲ့ရကြောင်း ၊ မီးလောင်သည့် နေအိမ် တွင် မိသားစု ၂ စု နေထိုင်ကြပြီး လူ ၉ ဦး သေဆုံးခဲ့ရာတွင် အသက် အငယ်ဆုံး မှာ ၃ နှစ် ဖြစ်ကြောင်း ၊ အမျိုးသမီး တစ်ဦး က မီးလောင်မှု ဖြစ်ပွား ချိန်တွင် ဒုတိယ ထပ် မှ ခုန်ချခဲ့ရာ လွတ်မြောက် နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဖိလစ်ပိုင် နိုင်ငံ အမျိုးသား မီးသတ် ဌာန က အချင်းဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ကနဦး စစ်ဆေးမှုများ အရ မီးလောင်မှု က နေအိမ် ပထမ ထပ် အဝင်ဝ မှ စတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.