Connect with us

Asia

ဗီယက်နမ် တိုက်ခိုက်ရေးဗုံးကြဲလေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး ၂ ဦးသေဆုံး

တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ် Sukhoi Su-22 လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံမှ ဆူချွိုင်း အက်စ်ယူ ၂၂ အမျိုးအစား (Sukhoi Su-22) တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ် သည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nghe An ပြည်နယ်တွင် ဇူလိုင်လ ၂၆ ရက်က ပျက်ကျခဲ့ရာ လေယာဉ်မှူး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။

Su-22 လေယာဉ်တွင် လေယာဉ်မှူး နှစ်ဦး လိုက်ပါသွားခဲ့ပြီး Nghia Dan ခရိုင် Nghia Yen မြို့နယ်ရှိ တောင်ကုန်းထူထပ်သောနေရာတွင် ပုံမှန် လေကြောင်းပျံသန်းမှုလေ့ကျင့်နေစဉ်တွင် လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု လေကြောင်းနှင့် လေကြောင်းကာကွယ်ရေးတပ်က ပြောကြားခဲ့ကြောင်း ဗီယက်နမ် ပြည်သူ့တပ်မတော်အောက်ရှိ အထွေထွေ နိုင်ငံရေးဋ္ဌာန ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး Nguyen Trong Nghai က VietNamNet အွန်လိုင်းသတင်းစာသို့ ပြောကြားခဲ့သည်။

“လေယာဉ်မှူး နှစ်ယောက်လုံး သေဆုံးသွားခဲ့တယ်” ဟု ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ် Ngo Trong Nghia ၏ ပြောကြားချက်အား ကိုးကား၍ သတင်းစာက ဖော်ပြထားသည်။

အဆိုပါ လေယာဉ်သည် Thanh Hoa ပြည်နယ်အလယ်ပိုင်း Sao Vang ပြည်သူ့တပ်မတော် လေဆိပ်မှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း၊ လေယာဉ်မှာ ပေါက်ကွဲမှုကြီးဖြစ်ကာ ပျက်ကျခဲ့ပြီးနောက် တစ်စစီဖြစ်သွားခဲ့ကြောင်း Vietnam News Agency က ရေးသားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.