Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်တွင် မီးလောင်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီလ ၂၈ ရက်သို့အကူး အစောပိုင်းက မီးလောင်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

အဆိုပါ မီးကြောင့် ဒါကာမြို့ရှိ ဆင်းရဲသားအများအပြားနေထိုင်သော ဂျဟန်ဂါ ဆင်းရဲသားရပ်ကွက်ရှိ နီးကပ်စွာ ဆောက်လုပ်ထားသော သက်ကယ်မိုးအိမ် ၁၅၀ လုံးလောင်ကျွမ်းသွားခဲ့သည်။“ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) အကူး၊ ညသန်းခေါင်းကျော် ၁၂း၁၅ နာရီခန့်က အပျက်အစီးများကြားမှ ကလေးငယ် ၂ ဦးရဲ့ရုပ်အလောင်းကို မီးသတ်သမားများ တွေ့ရှိခဲ့တယ်” ဟု မီးသတ်ဌာနနှင့် ပြည်သူ့ကာကွယ်ရေး တာဝန်ကျအရာရှိ မက်ဖက်ဇ်ရီဘန် (Mahfuz Riben) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အဆိုပါ မီးလောင်မှုအား မီးသတ်ဌာနနှင့် ပြည်သူ့ကာကွယ်ရေးဌာနများက နာရီများစွာကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)