Asia
ဘန်ကောက်တွင် ခရီးသွား ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၆ဦးသေ၊ ၅၄ဦး ဒဏ်ရာရရှိ
ဘန်ကောက်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း အစွန်းအဖျား ရှိ လမ်းမတစ်ခုတွင် ဇန်နဝါရီ ၆ရက် အစောပိုင်းက ခရီးသွား ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ ၅၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
သေဆုံးသူ ၆ဦးတွင် အမျိုးသမီး ၄ဦး၊ အမျိုးသား တစ်ဦး နှင့် မွေးကင်းစကလေးငယ် တစ်ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူ ၅၄ဦးကို နီးစပ်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံအလယ်ပိုင်း Pathum Thani ပြည်နယ် Khlong Luang ရဲစခန်းမှ ရဲစစ်ဆေးရေးအရာရှိ ဒုတိယရဲမှူးကြီး Sarayuth Saengthong ကပြောကြားခဲ့သည်။
Prayat ခရီးသွားကုမ္ပဏီမှ ပိုင်ဆိုင်သော အဆိုပါ ဘတ်စ်ကားသည် ခရီးသည် ၆၀ဦးကို တင်ဆောင်လာပြီး မိုးရွာသွန်းနေချိန်တွင် Phaholyothin လမ်းမအလယ်၌ အရှိန်ဖြင့် မောင်းနှင်နေစဉ် ရုတ်တရက် လမ်းချော်၍ မြောင်းတစ်ခုအတွင်းသို့ ပြောင်းပြန်တိမ်းမှောက်သွားခဲ့ကြောင်း ရဲစစ်ဆေးရေးအရာရှိ၏ပြောကြားချက်အရ သိရသည်။
ယင်းဘတ်စ်ကားသည် နိုင်ငံ အရှေ့မြောက်ပိုင်း Roi Et ပြည်နယ်၊ Phanom Phrai ခရိုင်မှ ဘန်ကောက်မြို့ရှိ Mor Chit ကားဂိတ်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)