Connect with us

Asia

မဲခေါင်မြစ်ရေ သုံးစွဲရေး အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် ဗီယက်နမ်နှင့် လာအို ကတိပြု

လာအို ဝန်ကြီးချုပ် Thongloun Sisoulith (ဝဲ) နှင့် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန်းဖု (ယာ) တို့အား မေလ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟနွိုင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အဖွဲ့အစည်းများ၊ အခြားနိုင်ငံများနှင့်အတူ မဲခေါင်မြစ်ရေ အရင်းအမြစ်အား ရေရှည် တည်တံ့စေရန်နှင့် ကောင်းမွန်စွာ ပြုမူ သုံးစွဲသွားရေး အတွက် အတူတကွ လုပ်ဆောင်သွားရန် ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် ငုယင် ကျန်းဖု နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့က မေလ ၁၅ ရက်က သဘောတူခဲ့ကြသည်။

ယင်း သဘောတူညီချက်အား လာအို ဝန်ကြီးချုပ် Thongloun ၏ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း မြို့တော် ဟနွိုင်းတွင် ဝန်ကြီးချုပ်နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့စဉ် အတွင်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကမ္ဘောဒီးယား- လာအို- ဗီယက်နမ် (CLV)၊ ကမ္ဘောဒီးယား-လာအို- ဗီယက်နမ်- မြန်မာ (CLMV)၊ ဧရာဝတီ- ကျောက်ဖယား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အာရှ- ဥရောပ အစည်းအဝေးနှင့် ကုလသမဂ္ဂ စသည့် ပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ ဖိုရမ် များ၌ အပြန်အလှန် ထောက်ပံ့ခြင်းများ အတွက် နှစ်နိုင်ငံလုံးမှ ကျေနပ်အားရမှု ရှိကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံ အနေဖြင့် နိုင်ငံရေး၊ သံတမန်ရေး၊ ကာကွယ်- လုံခြုံရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် သဘောတူညီချက်များအား အကောင်အထည် ဖော်ရာ၌ အတူတကွ လုပ်ဆောင်ကြရန်လည်း သဘောတူခဲ့ကြ သည်။
၂၀၁၆ ခုနှစ်အတွက် နှစ်နိုင်ငံ အစိုးရများနှင့် ၂၀၁၆- ၂၀၂၀ ဗီယက်နမ်- လာအို ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ် စသည့် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များအား ဝန်ကြီးဋ္ဌာနများ၊ အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ အချင်းချင်း တိုက်ရိုက် ဆက်သွယ် လုပ်ဆောင်သွားနိုင်ရန် နှစ်နိုင်ငံ ဝန်ကြီးချုပ်များက ကတိပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.