Connect with us

Asia

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က တောင်ကိုရီးယားနိုင်ငံ သမ္မတနှင့် တွေ့ဆုံရန် အိမ်ပြာတော်သို့ ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သော ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်သို့ ရောက်ရှိကာ နေ့လည်စာစားသုံးမည် ဖြစ်ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့် ပြည်သူ့လွှတ်တော် (Supreme People’s Assembly) ဥက္ကဋ္ဌ ကင်မ်ယောင်နမ် (Kim Yong Nam) ဦးဆောင်သည့် မြောက်ကိုရီးယား အိုလံပစ် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီ၌ ဆိုးလ်မြို့ရှိ ဟိုတယ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ အာဏာရ ကိုရီးယား အလုပ်သမား ပါတီ (WPK) အမြဲတမ်းကော်မတီ မှ ပထမ ဒုတိယ ညွှန်ကြားရေးမှူး ကင်မ်ယိုဂျောင် (Kim Yo Jong) လည်း အဖွဲ့နှင့်အတူ အိမ်ပြာတော်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလ ၉ ရက် ညတွင် တောင်ကိုရီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ မြောက်ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ အိမ်ပြာတော်သို့ လာရောက်သည့် မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၌ အမျိုးသား အားကစားလမ်းညွှန်မှုကော်မတီ ဥက္ကဋ္ဌ Choe Hwi ၊ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌ Ri Son Gwon တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.