Asia
ဝန်ကြီးချုပ် မိုဒီ ဦးဆောင်ပြီး အိန္ဒိယတွင် ယောဂနေ့ကျင်းပ
နယူးဒေလီ ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ယောဂနေ့အခမ်းအနားကို အိန္ဒိယနိုင်ငံ၌ ဇွန်လ ၂၁ ရက်တွင် ကျင်းပရာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အပါအဝင် လူပေါင်း ၃ဝ,ဝဝဝ ကျော် ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
အိန္ဒိယ ဗဟိုအစိုးရက အုပ်ချုပ်သော Chandigarh ရှိ မြို့တော် ရင်ပြင်၌ ကျင်းပသည့် အိန္ဒိယ ရှေးရိုးရာ ကိုယ်ကာယ လေ့ကျင့်ခန်း (ယောဂ) လေ့ကျင့်မှု အစီအစဉ်တွင် တီရှပ် အင်္ကျီအဖြူ ၊ ဘောင်းဘီအနက်နှင့် လည်ပတ်များ ဝတ်ဆင်၍ ပါဝင် ဆင်နွှဲခဲ့ကြသည်။
ယောဂလေ့ကျင့်ခန်းကို မိုလ်ဘိုင်းဖုန်း အသုံးပြုသကဲ့သို့စွဲစွဲမြဲမြဲ ပြုလုပ်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားလိုက်ပြီး “ ယောဂလေ့ကျင့်ခန်းဟာ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ကျန်းမာရေး အာမခံချက်ကို ပေးနေတယ်။ ကျွန်တော်တို့ရဲ့ စိတ်တွေကို ထိန်းချုပ်ဖို့နဲ့လူတွေကို သူတို့ရဲ့ဘဝမှာ စည်းကမ်းနဲ့နေထိုင်တတ်ဖို့ ယောဂက အများကြီး အကူအညီပေးပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
“ ယောဂဟာ ဘာသာရေး ကျင့်စဉ် တစ်ခုမဟုတ်ဘူး။ လူအတော်များများက ယောဂ အကြောင်းကို ပြည့်ပြည့်စုံစုံ မသိကြဘူး။ ယောဂ ဆီက ဘာရနိုင်လဲဆိုတာ မဟုတ်ဘူး။ ယောဂ ကို ဘာပေးမလဲဆိုတာပဲ အရေးကြီးတယ်။ ယောဂ ဟာ ကျန်းမာရေးအတွက် အထောက်အကူ အများကြီး ပေးပါတယ်” ဟု နာရန်ဒါက ဆိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ Rashtrapati Bhavan သမ္မတရုံးတွင် အိန္ဒိယသမ္မတ Pranab Mukherjeel ဦးဆောင်ပြီး လူပေါင်း ၁,ဝဝဝ ခန့်ဖြင့် ယောဂ လေ့ကျင့်ခန်းကို အတူတကွ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ လေ့ကျင့်မှု အစီအစဉ်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီး ၅၇ ဦးလည်း ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
နိုင်ငံတ ကာယောဂနေ့အခမ်းအနားကို အိန္ဒိယနိုင်ငံ အတွင်းရှိ မြို့ပေါင်း ၁ဝဝ ကျော်တွင် လူ သန်းပေါင်းများစွာ တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း ပြည်တွင်း ရုပ်သံက ပြသခဲ့သည်။ ထို့ပြင် နိုင်ငံတကာ ယောဂနေ့အခမ်းအနားကို အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံရှိ နာမည်ကျော် Times Square များတွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ယောဂ ဆိုသည်မှာ ရှေးယခင် အိန္ဒိယလူမျိုးတို့၏ နေ့စဉ်ပြုလုပ်သည့် အနုပညာရပ် တစ်ခုသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ကုလသမဂ္ဂ အဖွဲ့သည် နှစ်စဉ် ဇွန်လ ၂၁ ရက်ကို နိုင်ငံတကာ ယောဂနေ့အဖြစ် သတ်မှတ် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)