Connect with us

Asia

သမ္မတအား စွပ်စွဲပြစ်တင်ရန် တောင်ကိုးရီးယားလွှတ်တော်တွင် မဲခွဲ

တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)
တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်ရန် တောင်ကိုးရီးယားလွှတ်တော်က ယနေ့(ဒီဇင်ဘာ ၉ ရက်)တွင် မဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် သုံးပုံ နှစ်ပုံသည် ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။

စွပ်စွဲပြစ်တင်ရေးအတွက် လွှတ်တော်အမတ် ၂၃၄ ဦးက မဲပေးကြရာတွင် ၅၆ ဦးက ကန့်ကွက်မဲပေးခဲ့ပြီး ၂ ဦးမှာ မဲမပေးဘဲ နေခဲ့ကြောင်း နှင့် အခြား ၇ မဲမှာ ပယ်မဲ ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရလဒ်စာရင်းစာရွက်ကို လက်ခံပြီးနောက်တွင်သမ္မတပတ်သည် ရာထူးတာဝန်အားလုံးမှ ချက်ခြင်း စွန့်လွှတ်ရတော့မည်ဖြစ်သည်။ သမ္မတအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများ သည် ၃ နာရီ မှ ၄ နာရီအတွင်း သမ္မတထံ ရောက်ရှိမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
တောင်ကိုးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမှုကို စစ်ဆေးနေစဉ် ရက်ပေါင်း ၁၈ဝ ကာလအတွင်း တောင်ကိုးရီးယားနိုင်ငံဝန်ကြီးချုပ် Hwang Kyo-ahn က ယာယီသမ္မတအဖြစ် တာဝန်ယူသွားရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.