Asia
အင်ဒိုနီးရှားတွင် ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်လှုပ်
ဟောင်ကောင် ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ Sungaipenuh ဒေသ၌ ဇွန်လ ၂ ရက် ညပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်သည် ပြင်းအား ၆.၆ အဆင့်ရှိပြီး ဒေသ စံတော်ချိန် ည ၁ဝ နာရီ ၊ ၅၆ မိနစ်တွင် Sungaipenh ၏ အနောက်ဖက် ၇၉ ကီလိုမီတာ အကွာ၌ ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ပထဝီမြေပြင် တိုင်းတာရေးဌာနက သတင်း ထုတ်ပြန်သည်။
ငလျင် ဗဟိုချက်သည် မြေပြင်အောက် ၅၁.၃၄ ကီလိုမီတာ အကွာ တောင်လတ္တီကျူ့၂.၁ဝ၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁ဝဝ.၆၆၈၈ ဒီဂရီ အရပ်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)