Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံသမ္မတက မြို့တော်သစ်ကို အရှေ့ကာလီမန်တန်ရှိ နယ်မြေ ၂ ခုတွင် တည်ဆောက်မည်ဟု ကြေညာ


ဂျကာတာ ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုဝီဒိုဒိုက နိုင်ငံ၏မြို့တော်သစ်ကို အရှေ့ကာလီမန်တန်(East Kalimantan) ရှိ နယ်မြေ ၂ ခုတွင် တည်ဆောက်မည်ဟု သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဂျကာတာမြို့လယ်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတဝီဒိုဒိုက အင်ဒိုနီးရှားအစိုးရအနေဖြင့် လွန်ခဲ့သော ၃ နှစ်အတွင်း မြေပြင်ကွင်းဆင်းလေ့လာမှုများကို လုပ်ဆောင်ခဲ့ကြောင်း နှင့် မြို့တော်သစ်ကို အရှေ့ကာလီမန်တန်ပြည်နယ်အတွင်းရှိ Penajam Paser Utara နယ်မြေ နှင့် Kertanegara နယ်မြေ များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတက ၎င်း၏ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်သို့စာချွန်လွှာ တစ်စောင်ပေးပို့၍ အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုဝီဒိုဒိုအားတွေ့ရစဉ်(ဆင်ဟွာ)

မြို့တော်သစ်တည်ဆောက်ရန် ဘဏ္ဍာငွေ အင်ဒိုနီးရှားရူပီးယား ၄၆၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၇ ဘီလီယံ) လိုအပ်ကြောင်း အင်ဒိုနီးရှားအစိုးရအဖွဲ့က ဆိုသည်။

မြို့တော်သစ်ကို ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးယန္တယားအတွက်အသုံးပြုမည်ဖြစ်ပြီး ဂျကာတာမြို့တော်မှာမူ စီးပွားရေး နှင့် စီးပွားရေးဗဟိုဌာနအဖြစ် ဆက်လက်ကျန်ရစ်နေမည်ဖြစ်ကြောင်း သိရသည်။(Xinhua)