Connect with us

Asia

ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်တွင် ကျောက်တုံးပြုတ်ကျထိမိရာမှ အမျိုးသမီးတစ်ဦး သေဆုံး

ဂျပန်နိုင်ငံရှိ ဖူဂျီတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ် တက်နေစဉ် ပြုတ်ကျလာသည့်ကျောက်တုံးများ ထိမိရာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံမီဒီယာနှင့် ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။

သတင်းအရ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ အဖွဲ့နှင့်အတူ ဂျပန်နိုင်ငံ၏ အမြင့်ဆုံး ဖူဂျီတောင်ထိပ်အနီးသို့ တက်ရောက်နေစဉ် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့က ၃,၇၇၆ မီတာမြင့်သော ဖူဂျီတောင်ထိပ်အနီး၌ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိနေကြောင်း သတင်းပေးပို့ချက်ကို ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီခန့်က လက်ခံရရှိခဲ့သည်။

တောင်ပေါ်မှ ပြုတ်ကျလာသော ကျောက်တုံးများသည် အဆိုပါ အမျိုးသမီး၏ ဦးခေါင်းအား ထိခိုက်သွားခဲ့ကြောင်း တောင်တက်အဖွဲ့ဝင်တစ်ဦးက ကယ်ဆယ်ရေးတာဝန်ရှိသူများအား ပြောကြားခဲ့သည်။

လူသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် တောင်ခြေမှ တောင်ထိပ်ကြား လမ်းကြောင်းအား အများပြည်သူများ သွားရောက်ရန် ပိတ်ပင်လိုက်ကြောင်း သိရသည်။

UNESCO က ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခဲ့ပြီး ရှီဇူကာစီရင်စုနှင့် ယာမာနာရှီစီရင်စုကြားရှိ ဖူဂျီတောင်သည် တောင်တက်ရာသီရောက်တိုင်း တောင်တက်သမားများစွာအား ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.