Connect with us

Asia

အာဆီယံ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာလ တွင် လက်ခံကျင်းပမည်

အာဆီယံ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျကာတာ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား နိုဝင်ဘာလ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် အရှေ့တောင်အာရှ ဒေသတွင်း ချိတ်ဆက်မှု အစီအစဉ်အတွက် ပေါင်းကူးသဖွယ် လုပ်ဆောင်ပေးရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့် အစည်းအဝေးအား ASEAN G2B အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ဟု အမည် ပေးထားပြီး ဒေသအတွင်း အရေးပါသည့် အခြေခံ အဆောက်အအုံ စီမံကိန်း၏ အဓိက စိန်ခေါ်မှု လေးခု ဖြစ် သည့် ဖွံ့ဖြိုးမှု စီမံကိန်း၊ ငွေရေးကြေးရေး၊ အဆောက်အဦနှင့် လုပ်ငန်းလည်ပတ်ခြင်း စသည်တို့အား ရှာဖွေရန် အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။
ကမ္ဘာ့ ခုနစ်ခုမြောက် အကြီးဆုံး စီးပွားရေး၌ ဒေသတွင်း ချိတ်ဆက်မှုကို အဓိက ကိစ္စရပ် တစ်ခုအဖြစ် ကိုင် တွယ်ရန် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေး ဘုတ်အဖွဲ့ (BKPM) ဥက္ကဋ္ဌ သောမတ်စ် လမ်ဘုန်းက ပြော သည်။
“အာဆီယံနိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ တစ် ပြိုင်နက် ဒေသတွင်း ချိတ်ဆက်မှုများ ပိုမို ချောမွေ့သွားအောင် လုပ်ဆောင်မယ်” ဟု လမ်ဘုန်းက ပြောသည်။
အဆိုပါ အစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် နိုဝင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ပြုလုပ် မည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ ချိတ်ဆက်မှုအတွက် တင်ပြထားသည့် Master Plan အရ ပြည်တွင်း နှင့် ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးခြင်းဖြင့် အာဆီယံ အနီးဝန်းကျင် နိုင်ငံများမှ အစိုးရနှင့် စီးပွားရေး ဆိုင်ရာ ခေါင်းဆောင်များအတွက် ပေါင်းကူး တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.