Connect with us

Asia

အိန္ဒိယတွင် ရထားနှင့် တိုက်မိ၍ လူ ၄ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ပြေးဆွဲလျက်ရှိသည့် ရထားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း Bihar ပြည်နယ်၌ ဖေဖော်ဝါရီ ၂ရက်တွင် ခုတ်မောင်းနေသော ရထားရှေ့တွင် ဖြတ်ပြေးမှုကြောင့် အနည်းဆုံး အမျိုးသမီး ၄ဦး သေဆုံးခဲ့ပြီး အခြားလူ တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Biharပြည်နယ် မြို့တော် Patna မြို့ အနောက်မြောက်ပိုင်း ၁၃၄ကီလိုမီတာအကွာခန့် Siwan ခရိုင် ရှိ Kachari ဘူတာရုံအနီးတွင် ရထားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံအကြီးတန်း အစိုးရတာဝန်ရှိသူတစ်ဦး က အခြားရထားလမ်းမှ ရထားအား စီးနင်းရန်အတွက် ရထားလမ်းပေါ်မှ ဖြတ်ပြေးလာသည့် အမျိုးသမီး ၅ဦး ကို ခုတ်မောင်းလာသည့် ရထားတစ်စီးက ယနေ့တွင် ဝင်တိုက်မိကြောင်း၊ အခင်းဖြစ်ပွားရာ၌ပင် ၄ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း နှင့် သေဆုံးဒဏ်ရာရရှိသူများသည် Gopalgani ဧရိယာမှ ဒေသခံများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ အမျိုးသမီးအား ဆေးရုံတစ်ရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကာ အထူးဆေးကုသမှုခံယူရန်အတွက် ထိုမှတစ်ဆင့် Patna မြို့သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရ က ရထားလမ်းများအား အဆင့်မြှင့်တင်ပြီး အသစ်လိုင်းများတည်ဆောက်သွားရန် ငါးနှစ်တာအချိန်ကာလတစ်ခုကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၃၇ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံမှုသွားမည်ဟု ၂၀၁၅ခုနှစ် ကကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ရထားလမ်းကွန်ရက်သည် ကမ္ဘာပေါ်တွင် တတိမြောက်အကြီးဆုံးကွန်ရက်တစ်ခုဖြစ်ပြီး နေ့စဉ် လူ ၂၃သန်းဝန်းကျင်ကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.