Connect with us

Asia

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးချင်းမှ အဓမ္မ ပြုကျင့်ပြီး မီးရှို့သတ်ရန် ကြိုးစား

အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီးငယ် အိမ်အနီး တွင် ရဲများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား ၎င်း၏ နေအိမ်၌ အိမ်နီးချင်းတစ်ဦး က အဓမ္မ ပြုကျင့်ပြီး မီးရှို့သတ်ရန် ကြိုးစားခဲ့ကြောင်း မတ်လ ၈ ရက်က ပြောကြားခဲ့သည်။

ယင်းထိတ်လန့်ဖွယ် အဖြစ်အပျက်သည် အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီရှိ ဆင်ခြေဖုံးမြို့တစ်ခု ဖြစ်သည့် Noida မြို့တွင် မတ်လ ၇ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ မိန်းကလေးသည် ခန္ဓာကိုယ်အနှံ့အပြား ၌ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်း၏ အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်ကြောင်း Noida မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် အသက် ၂၀ အရွယ် သံသယရှိသူ အမျိုးသားတစ်ဦး အား အဓမ္မပြုကျင့်မှု နှင့် မီးရှို့သတ်ရန် ကြိုးစားမှုတို့ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား အဓမ္မကျင့်မှု၊ လူသတ်ရန် ကြိုးစားမှု၊ ကိုယ်ထိလက်ရောက် ကျုးလွန်မှု အစရှိသည့် ပြစ်မှု များစွာ ဖြင့် စွဲချက် တင်ထားကြောင်း၊ မိန်းကလေးငယ်သည် ၎င်းနောက်မှ လပေါင်းများစွာ နောက်ယောင်ခံ လိုက်နေသည့် အမျိုးသားတစ်ဦးက ၎င်းအား အဓမ္မ ပြုကျင့်ခဲ့ပြီး မီးရှို့သတ်ရန် ကြိုးစားခဲ့သည်ဟု ရဲများရှေ့တွင် ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိတစ်ဦး ကပြောကြားခဲ့သည်။
၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ဆေးကျောင်းသူ တစ်ဦးအား အုပ်စုလိုက် အဓမ္မကျင့်မှုသည် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးအပေါ် ပြစ်မှုကျုးလွန်မှုများအား မီးမောင်းထိုးပြသ သကဲ့သို့ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.