Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော် ဒေလီတွင် လေယာဉ်ပျက်ကျမှုကြောင့် နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

BSF လေယာဉ်ပျက်ကျရာ နေရာသို့ ရောက်ရှိလာကြသော လုံခြုံရေး တပ်ဖွဲ့များ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာလ ၂၂ ရက် (ဆင်ဟွာ)
လုံခြုံရေး အမှုထမ်း ၁၀ ဦး အား တင်ဆောင်လာသော အိန္ဒိယနိုင်ငံ နယ်ခြား စောင့် တပ်ဖွဲ့(BSF) ၏ လေယာဉ် သည် ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းတွင် Palam လေဆိပ်မှ ပျံတက်ပြီး မိနစ် အနည်းငယ်အတွင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၀ ဦးစလုံး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယ်ခြား စောင့် တပ်ဖွဲ့(BSF) ၏ ပြောရေးဆိုခွင့်ရှိသူ ဗွီ.အမ် ပါရာရှာ က BSF တပ်ဖွဲ့ဝင် ၁၀ ဦး အား တင်ဆောင်လာသော Beechcraft Super King လေယာဉ် သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရန်ချီသို့ ဦးတည်ထွက်ခွာ လာခြင်းဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး ရာ့ချ်နက် ဆင်းဒ် က နယူးဒေလီ မြို့ရှိ Indira Gandhi အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးတွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ် BSF လေယာဉ်ပျက်ကျမှု အတွက် လွန်စွာ ဝမ်းနည်း ရပါကြောင်း နှင့် လေယာဉ် သည် ရုတ်တရက် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျမှုသည် ဒေလီမြို့ အနောက်တောင်ပိုင်း ဒီဝါကာ ရှိ ရှာဟာဘက် ဘူတာ အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရုပ်သံထုတ်လွှင့်မှု များ အရ ရဲတပ်ဖွဲ့ဝင် နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ သည် အခင်းဖြစ်ပွားရာ နေရာတွင် အသက်ရှင်ကျန်ရစ်သူများ ရှိ၊မရှိ နှင့် သေဆုံးသူများ အား ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.