Asia
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဆည်ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံး၊ ၂၂ ဦးပျောက်ဆုံး

မွမ်ဘိုင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ ရတ်နာဂီရိခရိုင်၊ Chiplun မြို့ရှိ ဆည်ငယ်တစ်ခု ဇူလိုင်လ ၂ ရက်ညပိုင်းက ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံးကာ အခြားလူ ၂၂ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ရေလွှမ်းမိုးမှုအခြေအနေကြောင့် ကျေးရွာ ၆ ရွာမှ ၇ ရွာဝန်းကျင်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။
ဆည်ကျိုးကျမှုကြောင့် နေအိမ် ၁၂ လုံးဝန်းကျင် ရေစီးနှင့်မြောပါသွားခဲ့သည်။
အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်။
ရေထုထည်ပမာဏ ကုဗမီတာ ၂ဒသမ ၄ သန်း လက်ခံနိုင်သော အဆိုပါဆည်အား ၂၀၁၂ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။
ဆည်ကျိုးကျမှုဖြစ်ပွားရသည့် အခြားအချက်အလက်များအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)