ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဧပြီလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိရာ ယခုအခါ ၁၃၈ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် ဒဏ်ရာရသူအရေအတွက်မှာလည်း လူ ၅၀၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များအား ကိုးကား၍ ဒေသခံမီဒီယာများက သတင်းဖော်ပြထားသည်။
ပူထရာဂျာရာ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)သည် ဧပြီ လကုန်ပိုင်း တွင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ပေကျင်းမြို့၌ကျင်းပသော ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးဖိုရမ်သို့ ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ မလာရောက်မီ...
ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက် ၇၀ ဦးအထိမြင့်တက်လာကာ ဒဏ်ရာရသူ ၂၆၀ ဦးကျော်ရှိလာပြီဖြစ်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များအား ကိုးကား၍ ပြန်ကြားရေးဌာက ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်၌ တောရိုင်းဆင်တစ်ကောင် တက်နင်းမှုကြောင့် မိသားစုတစ်ခုမှ လူ ၃ ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအမှတ် (၁)တွင် ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ၊ ရာနှင့်ချီသည့်ခရီးသည်များ သောင်တင်ခဲ့ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကပြောသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းပြည်နယ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ခရီးသည်တင် အဝေးပြေးကားတစ်စီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ ၈ ဦးထက်မနည်းသေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu TV ချန်နယ်အရ သိရသည်။
တိုကျို၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ အာဆိုမီးတောင် (Mt. Aso) မှာ ဧပြီလ ၁၉ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဌာန (JMA) က ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ နှစ်သစ်ကူးအခါသမယ ၅ ရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၃၀၃ မှုဖြစ်ပွားခဲ့ပြီး လူ ၃၇ ဦးသေဆုံးကာ နောက်ထပ် ၅၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။