Connect with us

Asia

ပါကစ္စတန်နိုင်ငံတောင်ပိုင်း၌ ရထားတိုက်မှု ဖြစ်ပွားရာ လူ ၃၀ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိ

ရထားတိုက်မှု ဖြစ်ပွားခဲ့သည့် အခင်းဖြစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်၌ ယနေ့ ဇွန် ၇ ရက် နံနက်ပိုင်းတွင် ရထားချင်း ခေါင်းချင်းဆိုင် တိုက်မိမှု ဖြစ်ပွားရာ လူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ဒဏ်ရာ ရရှိသူ ၅၀ ကျော် ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ယင်းဖြစ်စဉ်သည် Sindh ပြည်နယ် Ghotki ခရိုင်ရှိ Raiti နှင့် Obaro ရထားဘူတာရုံနှစ်ခုအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။
ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရထားနှစ်စင်းမှ ရထားတွဲများစွာသည် လမ်းချော်ခြင်း တိမ်းမှောက်ခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေး အဖွဲ့များက အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်သွားရောက်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ထုတ်ပြောင်းရွှေ့ခြင်း နှင့် ဒဏ်ရာရရှိသူများအား အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် နိုင်ငံတောင်ပိုင်း Karachi ဆိပ်ကမ်းမြို့မှ အရှေ့ပိုင်း Sargodha မြို့သို့ ဦးတည်သော Millat အမြန်ရထားနှင့် အရှေ့ပိုင်း Rawalpindi မြို့မှ Karachi မြို့သို့ သွားနေသော Sir Syed အမြန်ရထားတို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါကြောင့် ခရိုင်အတွင်းရှိ ဆေးရုံများကို အရေးပေါ်အခြေအနေထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

#Pakistan #train #head-on #collision #ပါကစ္စတန်နိုင်ငံ #ရထား #ခေါင်းချင်းဆိုင် #တိမ်းမှောက်မှု #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(English Version)

At least 30 killed, over 50 injured in train collision in S. Pakistan

ISLAMABAD, June 7 (Xinhua) — A head-on train collision has left at least 30 people dead and over 50 others injured on Monday morning in Pakistan’s southern Sindh province, local media reported.

According to the reports, the accident took place in the area between Raiti and Obaro Railway Stations in Ghotki district of Sindh.
Following the collision, several coaches of the two trains derailed and turned turtle.

Rescue teams rushed to the site and shifted bodies and the injured to nearby hospitals.
The accident occurred between the Millat Express, which was heading towards the eastern city of Sargodha from the southern port city of Karachi, and the Sir Syed Express, which was going to Karachi from eastern city Rawalpindi.A state of emergency due to COVID-19 epidemic has been imposed in hospitals in the district. Enditem