ခတ္တမန္ဒူ၊ မတ် ၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ဘက်စွန်း ဒါချူလာခရိုင်တွင် ဂျစ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး အခြားသူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စလမ်မာဘတ်၊ နယူးဒေလီ၊ မတ် ၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမှဖမ်းဆီးမိထားသော အိန္ဒိယလေယာဉ်မှူးတစ်ဦးအား ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ လာဟိုမြို့အနီး ဝါဒါနယ်စပ်ဖြတ်ကျော်စခန်းမှတစ်ဆင့် မတ်လ ၁ ရက်ညက အိန္ဒိယနိုင်ငံသို့ပြန်လွှတ် ပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။လိုအပ်သောလွှဲပြောင်းရေးလုပ် ငန်းစဉ်များအားလုံးဆောင်ရွက်အပြီးတွင် ပါကစ္စတန်အာဏာပိုင်များက အိန္ဒိယလေယာဉ်မှူး အက်ဘီ် နန်ဒန် ဗာသာမန်(Abhinandan Varthaman) အားအိန္ဒိယအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း...
ဆိုးလ် ၊ မတ် ၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ၏ ပို့ကုန် ကဏ္ဍတွင် ပြည်တွင်းထုတ် semiconductor အား ဝယ်လိုအား လျော့ကျ မှုကြောင့် ဖေဖော်ဝါရီလတွင် ပို့ကုန် တန်ဖိုး ပမာဏ ဆယ်ဂဏန်း လျော့ကျခဲ့ကြောင်း ယနေ့ ထုတ်ပြန်သော အစိုးရ အစီရင်ခံစာ အရ...
ဒါကာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီလ ၂၈ ရက်သို့အကူး အစောပိုင်းက မီးလောင်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား လိုချင်သည့်အချက်များ ကွာဟမှုကျန်ရှိနေသေးကြောင်း ဟနွိုင်းမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့်...
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမနှစ်လအတွင်း နိုင်ငံတကာမှခရီးသွားဧည့်သည် အကြမ်းဖျဉ်း ၃.၁ သန်း ဝင်ရောက်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရကြောင်း ဗီယက်နမ် အမျိုးသား ခရီးသွားလုပ်ငန်းက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ သဘောတူညီမှုမရရှိဘဲ ဖေဖော်ဝါရီလ...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသို့ သွားမည့် လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအဲဝေး (Thai Airways) နိုင်ငံတကာ အများပိုင်ကုမ္ပဏီလိမိတက် (THAI) က ကြေညာလိုက်ကြောင်း၊ ဥရောပခရီးစဉ်အားလုံးကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်အတွက် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား မြင့်တက်နေသည့် တင်းမာမှုများကို လျှော့ချပြီး ဆွေးနွေးမှု စကားဝိုင်းများ နှင့် ငြိမ်းချမ်းရေးသဘောဆောင်သည့် နည်းလမ်းများဖြင့် အခြေအနေအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် နီပေါနိုင်ငံက ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဒုတိယမြောက်နေ့ အဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် စတင် ဆွေးနွေးလျက်ရှိသည်။