ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) သည် မကြာမီ ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် အရက်တုများ သောက်သုံးပြီးနောက် အမျိုးသမီး ၈ ဦးအပါအဝင် လူ ၁၄ ဦးသေဆုံးကာ အခြားသူ ၁၃ ဦး ဖျားနာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဆရီနာဂါ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် နှင်းတောင်ပြိုကျမှုကြောင့် အနည်းဆုံး လူနေအိမ် အလုံး ၃၀ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သတင်းယူရန်အတွက် ပြည်ပသတင်းသမား ၂,၆၀၀ ခန့် စာရင်းပေးထားကြောင်း ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီဟွိုင်းထရန် (Le Honai...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ Punjab ပြည်နယ် Rawalpindi မြို့ ၌ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် အမည်မသိသေနတ်သမားတစ်ဦး က သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...
ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ ၏ နေရာတစ်ခုတွင် အဆောက်အအုံမီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၆၉ဦးအထိ မြင့်တက်လာခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီးသတ်ဌာနတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ရက်တွင်ပြောကြားခဲ့သည်။
ရာဘတ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့ရှိ Mohammed V လေဆိပ်တွင် မူးယစ်ကုန်ကူးမှုှနှင့် ပတ်သက်မှုရှိကြောင်း စွပ်စွဲချက်ဖြင့် အမျိုးသမီး ၂ ဦးအပါအဝင် တူနီးရှားနိုင်ငံသား ၃ ဦးအား ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းဆီးခဲ့ကြောင်း မော်ရိုကို ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင်...
မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ အာတိတ် နိုဗာရာ ဇမ်လျာကျွန်းစုပေါ်တွင် ပိုလာဝက်ဝံများ ဝင်ရောက်လာပြီးနောက် အရေးပေါ်အခြေအနေ ၁၀ ရက် ကြေညာထားခြင်းကို ရုပ်သိမ်းလိုက်ကြောင်း အာခန်ဂယ်လ်ဆတ်ဒေသ အုပ်ချုပ်ရေးမှူး ပြန်ကြားရေးရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၌ ပြောကြားလိုက်သည်။
တိုကျို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဂျပန်ဂျက်တိုက်လေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှု တစ်ခု ပြုလုပ်နေစဉ်အတွင်း ပျက်ကျခဲ့သော်လည်း လေယာဉ်ဝန်ထမ်း ၂ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၀ (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း North Maluku ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းက အင်အား ၅.၉ ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာနက ပြောကြားခဲ့သည်။ (Xinhua)