Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ COVID-19 ဆေးရုံမီးလောင်မှုတွင် လူ ၃ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ကိုချီမြို့တွင်ရှိသော အထူးသီးသန့်ခွဲခြားကုသဆောင် ပြင်ပတွင် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

 

နယူးဒေလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့တွင် မတ် ၂၅ ရက် ညပိုင်း၌ ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး လူ ၃ ဦးမှ ၄ ဦးခန့် ယင်းဆေးရုံထဲတွင် ပိတ်မိနိုင်ကြောင်း ထိပ်တန်းရဲအရာရှိတစ်ဦးက မတ် ၂၆ ရက်တွင် တယ်လီဖုန်းထဲမှတဆင့် အတည်ပြုပြောကြားခဲ့သည်။

ယင်းဆေးရုံသည် အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းရှိ Maharashtra ပြည်နယ်၏ မြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့ ၊ Bhandup ဒေသတွင် တည်ရှိပြီး COVID-19 ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားခဲ့ပြီးနောက်တွင် COVID-19 ဆေးရုံအဖြစ်ပြောင်းလဲခဲ့သည်။

ယခုအချိန်အထိ လူ ၃ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိထားကြောင်း ဒုတိယရဲမင်းကြီး Prashant Kadam က ဆင်ဟွာသို့ တယ်လီဖုန်းမှတဆင့်ဖြေကြားခဲ့သည်။

“အခုထိတော့ မီးခိုးတွေထွက်နေဆဲမို့ ဆေးရုံထဲကိုဝင်ဖို့ အရမ်းခက်ခဲပါတယ်။ မီးလောင်နေတဲ့ အချိန်မှာ ဆေးရုံထဲမှာ စုစုပေါင်း လူ ၇၆ ဦးရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ လူ ၇၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းကို ရရှိခဲ့ပါတယ်။ ဒါကြောင့် လူ ၃ ယောက်၊ ၄ ယောက်လောက်က ဆေးရုံထဲမှာ ရှိနေနိုင်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဆေးရုံထဲမှာကျန်နေတဲ့ သူတွေကို အမြန်ဆုံးတွေ့အောင် အကောင်းဆုံးကြိုးစားနေပါတယ်’’ ဟု ၎င်းထိပ်တန်းရဲအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
———————————–
(English Version)
Fire at COVID-19 hospital claims 3 lives in India’s Mumbai
NEW DELHI, March 26 (Xinhua) — At least three persons died and three to four still feared trapped inside a hospital which caught fire late on Thursday night in India’s financial capital Mumbai, confirmed a top cop over phone on Friday.
The hospital, which was converted into a COVID-19 facility in the wake of the second wave pandemic, is located in Bhandup area of Mumbai, which is also the capital city of south-western state of Maharashtra.
Speaking to Xinhua over phone, Deputy Commissioner of Police (DCP) Prashant Kadam said that a total of three dead bodies have been recovered so far.
“It is very difficult to enter into the hospital as still a lot of smoke is emanating from it. We are told there were a total of 76 people inside the hospital when the fire broke out. We rescued nearly 70 people, and three dead bodies. Hence, I can say that three-four persons could be still inside the hospital premises. We are doing our best to reach out to them at the earliest,” added the top cop. Enditem
#India #Mumbai #Fire #COVID_19 #Hospital #Xinhua
Photo-Medical workers wearing protective suits are seen outside a special isolation ward of a Hospital in Kochi, Kerala, India, March 19, 2020. (Str/Xinhua)