Connect with us

Asia

မလေးရှားနိုင်ငံ၌ COVID-19 လူနာသစ် ၁,၃၅၄ ဦး နှင့် သေဆုံးသူ ၄ ဦးရှိ

မလေးရှားနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ရောဂါ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ COVID-19 လူနာသစ် ၁,၃၅၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာ စုစုပေါင်း ၃၂၃,၇၆၃ ဦးထိ ရှိလာခဲ့ကြောင်း မတ် ၁၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ လူနာသစ် ၁,၃၅၄ ဦးတွင် ၁၄ ဦးပြည်ပမှ ဝင်ရောက်လာသူများ ဖြစ်ပြီး ၁,၃၄၀ ဦးမှာ ပြည်တွင်းကူးစက်သူများ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

COVID-19 အတည်ပြုလူနာများအနက် လေးဦး သေဆုံးသွားခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၁,၂၁၀ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။ ထို့အတူ COVID-19 လူနာများအနက် ၁,၇၈၂ ဦးမှာ ရောဂါ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံမှ ဆင်းသွားခဲ့ပြီး COVID-19 ရောဂါ ဖြစ်ပွားသူ အားလုံး၏ ၉၄ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် ၃၀၆,၂၇၄ ဦးမှာ ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားခဲ့ကြပြီ ဖြစ်ကြောင်း သိရသည်။ယခုအခါတွင် COVID-19 အတည်ပြုလူနာ အရေအတွက်မှာ ၁၆,၂၇၉ ဦးသာ ကျန်ရှိပြီး ၁၅၈ ဦးမှာ အထူးကြပ်မတ်ကုသဆောင်၌ ထားရှိပြီး ၇၁ ဦးမှာ အသက်ရှူစက်အကူအညီ လိုအပ်နေသေးကြောင်း သိရသည်။ (Xinhua)
————————————
(English Version)

Malaysia reports 1,354 new COVID-19 cases, 4 more deaths
KUALA LUMPUR, March 14 (Xinhua) — Malaysia reported 1,354 new COVID-19 infections, bringing the national total to 323,763, the health ministry said on Sunday.
Health Ministry Director-General Noor Hisham Abdullah said in a press statement that 14 of the new cases are imported and 1,340 are local transmissions.
Another four deaths have been reported, pushing the death toll to 1,210.

Some 1,782 patients have been released after recovery, bringing the total cured and discharged to 306,274, or 94.6 percent of all cases.
Of the remaining 16,279 active cases, 158 are being held in intensive care units and 71 of those are in need of assisted breathing. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.