Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျမှုကြောင့် လူ ၂၆ ဦးသေဆုံး ၊ ဒါဇင်ပေါင်းများစွာဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Sumedang တွင် မတ် ၁၀ ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး ချောက်ထဲ ထိုးကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊မတ် ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အနောက်ဂျာဗားပြည်နယ်တွင် မတ် ၁၀ ရက် ညပိုင်းက ခရီးသည် ၆၂ ဦး တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ယနေ့နံနက်အစောပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများက ပျက်စီးနေသော ဘတ်စ်ကားအတွင်း ပိတ်မိနေသူတစ်ဦးအား ခက်ခက်ခဲခဲ ဆွဲထုတ်ကယ်တင်ခဲ့ရကြောင်း ဘန်ဒေါင်းမြို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Deden Ridwansyah က ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

အခင်းဖြစ်ဘတ်စ်ကားသည် Sumedang ခရိုင်ရှိ Wado Malangbong လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေစဉ် ယာဉ်မောင်းသည် ကားအရှိန် ထိန်းချုပ်နိုင်ခြင်းမရှိတော့ရာမှ ယခုကဲ့သို့ ချောက်ထဲထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ Ridwansyah က ဆိုသည်။

ကားပေါ်လိုက်ပါလာသူများအနက် ၃၅ ဦးအသက်ရှင်ကျန်ရစ်သော်လည်း အများစုမှာ ထိခိုက်ဒဏ်ရာရထားကြကြောင်း အရာရှိက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

ပုံစာ- 

#း#Indonesia, #West Java, #bus, #accident, #killed, #injured, #ဆင်ဟွာ
————————————-
(English Version)
26 killed, dozens injured as bus plunges into ravine in Indonesia’s West Java
JAKARTA, March 11 (Xinhua) — Twenty six people were killed and dozens were wounded after a bus carrying 62 people fell into a ravine in Indonesia’s western province of West Java on Wednesday night, a senior official said earlier Thursday.
The rescuers are struggling to pull out one person from the wreckage of the bus, Deden Ridwansyah, head of search and rescue office of Bandung city told Xinhua by phone.
According to the police, the incident occurred when the bus driver could not control the vehicle when it was passing on the Wado Malangbong street in Sumedang district, then the bus plunged into a ravine, said Ridwansyah.
As many as 35 people survived the incident but many of them suffered injuries, the official said. Enditem

Photo caption- Rescuers search for survivors and victims inside the wreckage of a bus that plunged into a ravine in Sumedang West Java, Indonesia