Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်း၌ သံသယရှိဖွယ် အသေခံဗုံးခွဲသူ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှု တစ်ခုတွင် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း South Sulawesi ပြည်နယ်၏ မြို့တော် Makassar မြို့၏ဆိပ်ကမ်း၌ တည်ရှိသော ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပြင်ဖက်၌ ယနေ့ မတ် ၂၈ ရက် နံနက်ပိုင်းတွင် သံသယဖြစ်ဖွယ် လူနှစ်ဦးသည် အသေခံဗုံးခွဲမှုကျူးလွန်ခဲ့ရာ လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Argo Yuwono က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်သူများအပေါ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဂျာကာတာမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသေခံဗုံးခွဲမှုသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် ဘုရားကျောင်းပြင်ပ၌ ဖြစ်ပွားခဲ့ပြီး မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာသော လူနှစ်ဦးသည် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ရာ ဘုရားကျောင်း လုံခြုံရေးဝန်ထမ်းအချို့က တွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအား တွေ့ရှိခဲ့ကြောင်း သို့သော် ယင်းမှာ အသေခံဗုံးခွဲသူများ သို့မဟုတ် အခြားလူတစ်ယောက်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ထားပုံများ နှင့် အဆောက်အအုံအနီးတစ်ဝိုက်ရှိ ကားများ ပျက်စီးနေပုံများကို ရုပ်သံမှ တစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ အစွန်းရောက်သမားများက ဘုရားကျောင်းများအား အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်က အရှေ့ဂျာဗားပြည်နယ် Surabaya မြို့ရှိ ဘုရားကျောင်းသုံးကျောင်းတွင် တနင်္ဂနွေနေ့ ဆုတောင်းမှုများ ပြုလုပ်နေစဉ် အသေခံဗုံးခွဲသူများကြောင့် လူ ဒါဇင်နှင့်ချီ၍ သေဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)
At least 14 injured in suspected suicide bomb attack at church in E. Indonesia
JAKARTA, March 28 (Xinhua) — The Indonesian police have suspected that two people committed a suicide bombing outside a Cathedral in the port city of Makassar, capital of South Sulawesi province in east Indonesia on Sunday morning, injuring at least 14 people.

At a press conference in Jakarta, the National Police’s spokesman Argo Yuwono said police were conducting examinations on the perpetrators.
The suicide bombing occurred at around 10.30 a.m. local time outside the church. Two people were allegedly riding a motorcycle trying to enter the churchyard, but were held by some church security staff members.

Human body parts were reported to be found at the scene, but it was not confirmed yet whether they belong to the perpetrator or others.
The injured were rushed to hospitals and news footage showed cars near the building were damaged as police cordoned off the area.
Churches have been targeted by extremists in Indonesia several times.
In 2018, dozens of people were killed when suicide bombers committed suicide bombings at three churches during Sunday services in the city of Surabaya in East Java. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.