ဟနွိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang ကွယ်လွန်ခဲ့ပြီး နှစ်ရက်အကြာတွင် ဒုတိယသမ္မတ Dang Thi Ngoc Thinh သည် စက်တင်ဘာလ ၂၃ ရက်တွင် ယာယီသမ္မတဖြစ်လာခဲ့ကြောင်း Vietnam News Agency အရ...
နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားခဲ့ရာ လူ ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
မေးလ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို စက်တင်ဘာလ ၂၃ ရက် အစောပိုင်းတွင် စတင်လိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ်ရှိ တရားမဝင် မီးရှူးမီးပန်းစက်ရုံတစ်ခု ၌ စက်တင်ဘာ ၂၂ ရက် က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဒါကာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းအလွန်တွင် ငါးဖမ်းလှေ ၄စင်း တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံး လူ ၃၅ဦး ပျောက်ဆုံးနေကြောင်း နှင့် ဘင်္ဂလားပင်လယ်အော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း ရဲအရာရှိတစ်ဦး က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Naga မြို့တွင် မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိ မြင့်တက်လာကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သမ္မတ ထရမ်ဒိုင်ကွမ် (Tran Dai Quang) သည် ရောဂါဝေဒနာအား အချိန်ကြာမြင့်စွာ ခံစားခဲ့ပြီးနောက် ဟနွိုင်းမြို့ရှိ ဆေးရုံတစ်ခု ၌ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၆၁နှစ်ရှိပြီဖြစ်ကြောင်း...
နယူးဒေလီ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ကြီးကြပ်ရေးမှူးအား သတ်ပြီးနောက် ထွက်ပြေးသွားသည့် အကျဉ်းသား ၅ ဦးအား ဖမ်းဆီးမိရေးအတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှ ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းတွင် လေဖိအားကျဆင်းမှုဖြစ်ပွားခဲ့ပြီးနောက် ခရီးသည် ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ် Naga မြို့တွင် စက်တင်ဘာလ ၂၀ ရက်က မြေပြိုကျမှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက...