Connect with us

Asia

ဂျပန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန အဆောက်အဦး၏ ကားပါကင်နေရာတွင် မီးလောင်မှုဖြစ်ပွား

မီးသတ်သမားများမီးငြိှမ်းသတ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

တိုကျို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့လည်ခေါင်တွင်ရှိသော ကုန်သွယ်ရေးဝန်ကြီးဌာန ၏ မြေအောက်ထပ်ကားပါကင်တွင် နိုဝင်ဘာလ ၂၀ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူမရှိကြောင်း ရဲနှင့် မီးသတ်သမားများ ၏ ပြောကြားချက်အရ သိရသည်။ 

အဆိုပါမီးလောင်မှုသည် ‌ဝန်ကြီးဌာန ၏ မြေအောက်ထပ်ဒုတိယအလွှာတွင် ရှိသော ကားပါကင်အတွင်းရှိ အမှိုက်အပြည့်ထည့်ထား သော ထရပ်ကားမှာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အလျင်အမြန်ငြိမ်းသတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၏ ပြောကြားချက်အရ သိရသည်။ 

အစိုးရဝန်ကြီးဌာနများနှင့် ကိုယ်စားလှယ်လုပ်ငန်းများ တည်ရှိရာအချက်အခြာနေရာဖြစ်သော တိုကျိုမြို့လည်ခေါင် ရှိ Kasumigaseki ရပ်ကွက်တွင်  မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းကြောင်း ဖုန်းရရှိပြီးနောက် မီးသတ်ကား ၁၀ စီး သွားရောက်ငြိှမ်းသတ်ခဲ့ကြောင်းသိရသည်။ 

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စုံစမ်းမှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၏ ပြောကြားချက်အရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.