Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတက e-cigarette ကို တားမြစ်ကာ အသုံးပြုသူများကိုလည်း ဖမ်းဆီးမည်ဟုဆို

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်သည့် e-cigarette ကုန်စည်ပြပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂိုဒူတာတေးက အများပြည်သူဆိုင်ရာနေရာ၌ vape အခိုးအငွေ့ သုံးစွဲသူများကို ဖမ်းဆီးရန် ဥပဒေစိုးမိုးရေးအဖွဲ့များအား နိုဝင်ဘာ ၁၉ ရက်နှောင်းပိုင်းက ညွှန်ကြားထားကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံအတွင်း e-cigarette သို့မဟုတ် vape ကိရိယာများ အသုံးပြုခြင်းနှင့် တင်သွင်းခြင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မကြာမီရက်ပိုင်းအတွင်း အမိန့်ညွှန်ကြားချက် ထုတ်ပြန်မည်ဟု ဒူတာတေးက ဆိုသည်။

e-cigarette အတွင်း နီကိုတင်း (Nicotine) နှင့် “ကျွန်တော်တို့ မသိနိုင်တဲ့ အခြား ဓာတုပစ္စည်းတွေ” ပါဝင်နေသဖြင့် vape အခိုးအငွေ့ရှူရှိုက်ခြင်းက အန္တရာယ်ရှိကြောင်း ဒူတာတေးက ပြောခဲ့သည်။ (Xinhua)