Connect with us

Asia

ပြင်းအား ၆.၄ အဆင့် ငလျင်ကြောင့် နှစ် ၅၀၀ သက်တမ်းရှိ ထိုင်းဘုရားကျောင်း ပျက်စီးမှု ဖြစ်ပေါ်

Phra That Khao Noi ဘုရားကျောင်းအတွင်းရှိ စေတီတော်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ထိုင်း-လာအိုနယ်စပ်အနီး ထိုင်းနိုင်ငံ မြောက်ပိုင်း နန်းပြည်နယ်(Nan) အတွင်း နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြောင့် သက်တမ်း နှစ်ပေါင်း ၅၀၀ ရှိသော ဘုရားကျောင်းတစ်ခု၏ ဝတ်ပြုဆောင်အပါအဝင်  အဆောက်အဉီအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

နန်းပြည်နယ်  အနုပညာဉီးစီးဌာနမှ အင်ဂျင်နီယာတစ်ဉီးဖြစ်သူ Witthaya Khanthayot က သူ နှင့် သူ၏လုပ်ဖော်ကိုင်ဖက်အချို့သည် နှစ်နိုင်ငံနယ်စပ် လှည့်ကင်းရဲသင်တန်းကျောင်း ၊ ဝန်ထမ်းအိမ်ရာများ ၊ ဘဏ်ခွဲတစ်ခု နှင့် ပရာတက်ခါအိုနွိုင်(Phra That Khao Noi) ဘုရားကျောင်း ဝတ်ပြုဆောင်တို့အပါအဝင် ပြည်နယ်အတွင်းရှိ အဆောက်အဉီများစွာ၌ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ၊ ၎င်းအဆောက်အဉီအားလုံးသည် ငလျင်ဗဟိုချက်နှင့် နီးကပ်စွာ တည်ရှိကြောင်း ပြောကြားခဲ့သည်။

ငလျင်ကြောင့် Phra That Khao Noi ဘုရားကျောင်းအဆောက်အဉီ ထိခိုက်ပျက်စီးမှု ဖြစ်ပွားစဉ်(ဓာတ်ပုံ-အင်တာနက်)

ငလျင်ကြောင့် Phra That Khao Noi ဘုရားကျောင်းအဆောက်အဉီ ထိခိုက်ပျက်စီးမှု ဖြစ်ပွားစဉ်(ဓာတ်ပုံ-အင်တာနက်)

ငလျင်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း နန်းပြည်နယ်အတွင်း အက်ကွဲကြောင်းများဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ငလျင်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း နန်းပြည်နယ်အတွင်း အက်ကွဲကြောင်းများဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ငလျင်မှာ အလွန်ပြင်းထန်ကြောင်း နှင့် ဘုရားကျောင်းအတွင်းရှိ ရဟန်းသံဃာများ အားလုံး ဘေးလွတ်ရာသို့ ချက်ချင်းပြေးထွက်ခဲ့ရကြောင်း ဂေါပကတစ်ဉီးက ဆိုသည်။

နန်းပြည်နယ်တွင် ရှေးဟောင်း ဘုရားကျောင်း အဆောက်အဉီ နေရာ ၂၅ ခုရှိကြောင်း ၊ အထူးသဖြင့် ဝတ်ဖွန်မင်း(Wat Phumin) ၊ ဝတ်တက်ချန်ခမ်းဝူရာဗီဟန်း(Wat That Chang Kham Woraviharn) နှင့် ဝတ်ချေဟင်း(Wat Chae Haeng) စသည့် ဘုရားကျောင်းများ ထိခိုက်မှုရှိ မရှိကို ပြည်နယ် အနုပညာဉီးစီးဌာနက စစ်ဆေးမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် နန်းပြည်နယ်နှင့် ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသော လာအိုနိုင်ငံ ဟောင်စာ(Hong Sa) လျှပ်စစ်ဓါတ်အားပေးစက်ရုံသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိအဆောက်အဉီအချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လတ်တလောတွင် ဓာတ်အားထုတ်လွှတ်မှုကို ရပ်ဆိုင်းထားကြောင်း ဟောင်စာလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ထုတ်ပြန်ချက်တွင် မန်းနေဂျင်းဒါရိုက်တာ Kathayauth Chupoon က ဆိုသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ဓာတ်အားပေးစက်ရုံတွင် မီးတောက်မီးညွန့်များ ထွက်ပေါ်နေသည်ကို ပြည်တွင်း ရုပ်မြင်သံကြားက ရိုက်ကူး ဖော်ပြခဲ့သည်။

အဆိုပါ ငလျင်ကြောင့် လူသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117