Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားတိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံ အဝေးပြေးလမ်းမပေါ်တွင် လူနာတင်ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စ်တန်ပြည်နယ်တွင် နိုဝင်ဘာ ၂၃ ရက်က ယာဉ်တိုက်မှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၅ ဦးအပါအဝင် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

၎င်းတို့အားလုံးသည် နိုင်ငံအနောက်တောင်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် လတ်တာခရိုင်မှ ခရီးသွားများဖြစ်ပြီး ပြည်နယ်မြောက်ပိုင်း ဟာယာနာပြည်နယ် ဟီဆာခရိုင်ရှိ ဘာသာရေးနေရာတစ်ခုဆီသို့ သွားရောက်နေကြခြင်း ဖြစ်ပြီး နာဂွာခရိုင် ဒုတိယရဲမှူး N.R. Chaudhary က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ရာဂျက်စ်တန်ပြည်နယ် နာဂွာခရိုင်ရှိ ကစ်ရှန်ဂါ-ဟန်နုမန်ဂါအဝေးပြေးလမ်းမပေါ်၌ ဒေသစံတော်ချိန် နံနက် ၃:၃၀ နာရီခန့်အချိန် မီနီဘတ်စ်ကားမောင်းသူက ယာဉ်ကိုမထိန်းနိုင်ဖြစ်ကာ လမ်းအကာအရံကို တိုက်မိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

ယာဉ်တိုက်မှုက နာဂွာခရိုင် ကူချာမန်မြို့အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ဒဏ်ရာရသူများအနက် ၄ ဦးကို ဒေသခံဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ပြီး အခြားသူ ၆ ဦးကိုမူ ဂျာပါပြည်နယ် မြို့တော်ရှိ အထူးကုဆေးရုံတစ်ခုသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.