နယူးဒေလီ၊ မတ် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် ရှိ ဆေးရုံတစ်ရုံတွင် မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လူ ၁၁ဦး အမြင်အာရုံဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဘာကူ၊ မတ် ၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်၌ အာဏာပိုင်များက ပြောကြားလိုက်သည်။
ဆိုးလ် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Quettaမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်သည့် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည့်အပြင် အခြား လူ ၆ ဦး သေဆုံးခဲ့ကြောင်း...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရထားလုပ်ငန်းက မတ်လ ၂ ရက်တွင် ကျရောက်မည့် ဟိန္ဒူ ရောင်စုံပွဲတော် တစ်ခုဖြစ်သော Holi ပွဲတော် ကျင်းပစဉ်အတွင်း အထူးရထား အစင်း ၅၀၀ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်-ချန်-အိုချာက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၇ ရက်က ခရီးသည်များ တင်ဆောင်လာသော ကားတစ်စီးသည် ရပ်ထားသော အခြားကားတစ်စီးအား အရှိန်ဖြင့် ဝင်တိုက်မိရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရှိခဲ့ကြောင်း...
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ရှေ့နေများက သမ္မတဟောင်း ပက်ဂွမ်ဟေး (Park Geun-hye) အား ထောင်ဒဏ် နှစ် ၃၀ ချမှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလိုက်သည်။
ဂျာကာတာ ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းအချိန်၌ ပြင်းအား ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ရထား တစ်စင်း တိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရထားရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။