Connect with us

Asia

ဘန်ကောက်ရှိ ဈေးဝယ်စင်တာ မီးလောင်မှုတွင် လူ ၂ဦးသာ သေဆုံးကြောင်း ပြန်လည်ထုတ်ပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Central World ဈေးဝယ်စင်တာ၏ ၈လွှာ၌ မီးလောင်မှုဖြစ်ပွားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang က ဘန်ကောက်မြို့ရှိ Central World ဈေးဝယ်စင်တာတွင် ဧပြီ ၁၀ ရက် ညပိုင်းက မီးလောင်မှုကြောင့် သေဆုံးသူ ဦးရေ သည် ၃ဦး မဟုတ်ဘဲ ၂ဦးသာဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။

အဆိုပါ ဈေးဝယ်စင်တာအား ဆောင်ရွက်နေသည့် ကုမ္ပဏီ က ယင်းဖြစ်ရပ်တွင် လူ ၁၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူ ၂ဦးအနက် တစ်ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံ ၌သေဆုံးခဲ့ကြောင်း နှင့် ၎င်းတို့ ၂ဦးသည်မီးလောင်မှုဖြစ်ပွားနေစဉ် စင်တာအတွင်း မီးခိုးများ နှင့် လူအများ၏အော်ဟစ်သံများ ဆူညံနေချိန်တွင် စင်တာအပေါ်ထပ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက သေဆုံးဒဏ်ရာရရှိသူအားလုံး နှင့် ၎င်းတို့၏ မိသားစုဝင်များထံသွားရောက် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နှင့် အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှုသည် Central World ဈေးဝယ်စင်တာ ၏ ၈လွှာတွင် ဒေသစံတော်ချိန် ၁ရး၄၀နာရီတွင် ဖြစ်ပွားခဲ့ပြီး ၁၈း၁၀နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117