Connect with us

Asia

အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ပထမအဆင့် တွင် မဲရုံများ၌ မဲပေးမှုစတင်

မဲပေးရန် တန်းစီနေကြသည့် မဲဆန္ဒရှင်ပြည်သူများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အိန္ဒိယ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ၏ အထွေထွေရွေးကောက်ပွဲ ပထမအဆင့် ကို ဧပြီလ ၁၁ ရက် နေ့ နံနက်ပိုင်းတွင် စတင်ခဲ့ပြီး ် ရက်ပေါင်း ၃၉ ရက် အတွင်းကွဲပြား သည့် ရွေးကောက်ပွဲအဆင့် ၇ ဆင့် ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပထအဆင့် မဲပေးပွဲကိုဒေသစံတော်ချိန် နံနက် ၇ နာရီ တွင် စတင်ခဲ့ ပြီး ည ၆ နာရီ အထိ ဆက်လက်မဲပေးနိုင်မည်ဖြစ်သည်။ သို့သော် တစ်ခြားဒေသများတွင် မဲပေးဆုံးနိုင်မည့် နောက်ဆုံးအချိန် ပိုမိုစောကာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ အထိသာ နောက်ဆုံးမဲပေးနိုင်ကြောင်း သိရသည်။

ပထမအဆင့် ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၇၀,၀၀၀ အထက်ရှိခဲ့ကြောင်း သိရသည်။ ပထမအဆင့် ရွေးကောက်ပွဲသည် အဆင့် ၇ ဆင့်ဖြင့် ကျင်းပသည့် ရွေးကောက်ပွဲတွင် တတိယအကြီးဆုံးအဆင့်ဖြစ်ပြီး လွှတ်တော်မဲဆန္ဒနယ်များအလိုက်မဲပေးရခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.