Connect with us

Asia

နီပေါနိုင်ငံ လူကလာလေဆိပ်တွင် လေယာဉ်တိုက်မှုကြောင့် အနည်းဆုံး လူ၂ ဦးသေဆုံး

နီပေါနိုင်ငံ လူကလာလေဆိပ်တွင် Summit Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့ တိုက်မိနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ လူကလာလေဆိပ်တွင် ဧပြီလ ၁၄ ရက် နံနက်ပိုင်းက Summit Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့ တိုက်မိပြီးနောက် အနည်းဆုံး လူ ၂ ဦး သေဆုံးကြောင်း ဒေသခံ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဒေသခံများ၏ အဆိုအရ Summit Air လေကြောင်းလိုင်းမှ လေယာဉ်အမှတ် 9N-AMH နှင့် လေဆိပ် ဥပစာအတွင်း ရပ်နားထားသော Manang Air မှ ရဟတ်ယာဉ်တစ်စင်းတို့ တိုက်မိခဲ့ခြင်း ဖြစ်သည်။

“လူနှစ်ယောက်သေဆုံးသွားပြီးတော့ အခြားလူအနည်းငယ် ဒဏ်ရာရသွားတယ်” ဟု ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။ Summit Air လေကြောင်းလိုင်းမှ လေယာဉ်မှာ လူကလာမြို့မှ ခတ္တမန္ဒူမြို့သို့ သွားရာလမ်းကြောင်းပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

လေယာဉ်တိုက်မှုကြောင့် ပျက်စီးမှုများအား သေချာအောင် စိစစ်နေဆဲဖြစ်သည်။

လူကလာလေဆိပ်သည် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်နှင့် အနီးဆုံး လေဆိပ်ဖြစ်ပြီး နီပေါနိုင်ငံတွင် ဧပြီလနှင့် မေလများ၌ တောင်တက်မှုအများဆုံးရာသီလည်း ဖြစ်သည်။

နွေဦးရာသီအချိန်အခါ၌ ပြည်တွင်းလေကြောင်း ကုမ္ပဏီများမှာ စိုစွတ်သော မြေပြင်အနေအထားများနှင့် ကြမ်းတမ်းသော ရာသီဥတုပုံစံရှိသည့် Tenzing Hillary လေဆိပ်ဟု လူသိများသော လူကလာလေဆိပ်သို့ နေ့စဉ် ပြည်တွင်းခရီးစဉ် ၅၀ ကျော်ဝင်ရောက်လျက်ရှိသည်။

ဆိုးဝါးသည့် လေထုဖိအားကြောင့် အသွားအပြန် လေကြောင်းခရီးစဉ်များအားလုံးမှာ နံနက်ပိုင်းတွင် အမြဲတစေ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117