Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံက တရုတ် နိုင်ငံသို့ဆန်တင်ပို့မှု ပထမ သုံးလပတ် အတွင်း ၅၉ ရာခိုင်နှုန်း တိုးတက်

ကမ္ဘောဒီးယား နိုင်ငံ၌ စပါး စိုက်ပျိုးမှု တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဖနွမ်းပင် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံက တရုတ်နိုင်ငံသို့ယခုနှစ် ပထမ သုံးလပတ် အတွင်း ဆန်တန်ချိန် ၇၅,၂၁၄ မက်ထရစ် တန် တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၅၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဧပြီ ၁၀ ရက်တွင် တရားဝင် ထုတ်ပြန်မှုများ အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လ ကာလ အတွင်း တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံမှ ဆန် အများဆုံး ဝယ်ယူခဲ့ကြောင်း ဆန်တင်ပို့မှုများ အတွက် One Window Service အတွင်းရေးမှူးချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး ကမ္ဘောဒီးယား နိုင်ငံက စုစုပေါင်း ဆန်တင်ပို့မှု ၏ ၄၄ ရာခိုင်နှုန်းမှာ တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာ အရ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် ယခုနှစ် ပထမ သုံးလပတ် အတွင်း ဆန်တန်ချိန် စုစုပေါင်း ၁၇၀,၈၂၁ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၆ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သိရသည်။

ယခုနှစ် ပထမ သုံးလပတ် အတွင်း ကမ္ဘောဒီးယား နိုင်ငံက ဥရောပ ဈေးကွက်သို့ဆန်တန်ချိန် ၅၁,၅၅၂ တန် တင်ပို့ခဲ့ကာ ဥရောပ သမဂ္ဂက ယခုနှစ် အစောဆုံးပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံမှ ဆန်တင်သွင်းမှုများအား ဖြတ်တောက်ရန် ကုန်သွယ်ရေး အတားအဆီးများ ပြုလုပ်ခဲ့ခြင်းကြောင့် ရာခိုင်နှုန်း အားဖြင့် ၃၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် ယခင်နှစ်တွင် စပါး တန်ချိန် ၁၀.၈ သန်း ထုတ်လုပ်ခဲ့ပြီး ယင်းမတိုင်မီ နှစ်ကထက် ၃.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.