Connect with us

Asia

မွန်ဂိုလီယားနိုင်ငံတွင် ဂျင်ဂစ်ခန်းသုတေသနဌာနဖွင့်လှစ်ရန်ရှိ

မွန်ဂိုလီယားနိုင်ငံ၏ဘုရင် ဂျင်ဂစ်ခန်း ပုံတူရုပ်တုအားတွေ့ ရစဉ်(ဆင်ဟွာ)

အူလန်ဘာတာ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

မွန်ဂိုလီယားနိုင်ငံအစိုးရသည် ဂျင်ဂစ်ခန်းဘုရင်ရှာဖွေဖော်ထုတ်ရေးဆိုင်ရာ လွတ်လပ်သောသုတေသနဌာနတစ်ခုကို ဖွင့်လှစ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း အစိုးရပြန်ကြာရေးရုံး၏ ပြောကြားချက်ကိုကိုးကား၍ ပြည်တွင်းမီဒီယာက ယနေ့ဧပြီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ သုတေသနဌာနသစ်သည် မွန်ဂိုလီယားနိုင်ငံအတွင်း နိုင်ငံရပ်ခြားပညာရှင်များ နှင့် သုတေသီများ စူးစမ်းရှာဖွေမှု လုပ်ဆောင်နိုင်ရေးအတွက် အဆင်ပြေချောမွေ့သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးရန် ကူညီပေးသွားမည်ဖြစ်ကြောင် သတင်းများကဆိုသည်။

ယင်းဆုံးဖြတ်ချက်သည် ယဉ်ကျေးမှုအမွေအနှစ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း အစိုးရပြန်ကြားရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုတေသနဌာနကို တည်ထောင်ခြင်းဖြင့် ဂျင်ဂစ်ခန်းဘုရင်ကြီးအကြောင်းကို ပိုမိုလေ့လာနိုင်မှာဖြစ်သကဲ့သို့မွန်ဂိုလီယားနိုင်ငံအကြောင်းလေ့လာရန် သီးခြားလွတ်လပ်သော ဌာနခွဲတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ဂျင်ဂစ်ခန်းဘုရင်ကြီး (၁၁၆၂ ခုနှစ် – ၁၂၂၇ ခုနှစ်) သည် အရှေ့မြောက်အာရှဒေသအတွင်း တစ်ကွဲတစ်ပြားဖြစ်နေသော မျိုးနွယ်စုများကို စုစည်း၍ ၁၃ ရာစုတွင် မွန်ဂိုအင်ပါယာကြီးကို ထူထောင်ခဲ့သော ဘုရင်ကြီးတစ်ပါးလည်း ဖြစ်ကြောင်းသိရသည်။(Xinhua)