Asia
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းရုပ်ပွားများအနက် တစ်ခုအား ဗီယက်နမ်၌ပြသမည်

ဟိုချီမင်းစီးတီး၊ နိုဝင်ဘာ ၁၅ရက် (ဆင်ဟွာ)
အဖိုးတန်ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းရုပ်ပွားများအနက် ရုပ်ပွားတော်ကြီးတစ်ခုအား ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ် ၌ နိုဝင်ဘာ ၁၈ မှ ၂၃ရက်အထိ အပူဇော်ခံပြသသွားမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းဋ္ဌာန က နိုဝင်ဘာ ၁၄ရက်တွင်ဖော်ပြခဲ့သည်။
ပြည်နယ်ဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့အစည်း အတွင်းရေးမှူးချုပ် ဆရာတော် Thich Minh Luc က အဆိုပါ ကျောက်စိမ်းရုပ်ပွားတော်အား ထိုင်းနိုင်ငံတွင် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော် ၄.၂မီတာ ရှိကာ အလေးချိန်အားဖြင့် လေးတန်ရှိကြောင်း နှင့် Hoi An စေတီတော်၌ အပူဇော်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရုပ်ပွားတော်အား နိုဝင်ဘာ ၂၅ရက်တွင် Tay Ninh ပြည်နယ် တောင်ပိုင်းရှိ Go Ken စေတီတော်၌ ဆက်လက်အပူဇော်ခံသွားမည်ဖြစ်သည်။
ထို့နောက်တွင် ရုပ်ပွားတော်အား နိုင်ငံပေါင်း ၂၀၌ အပူဇော်ခံပြသခဲ့ပြီး ၎င်း၏နောက်ဆုံးခရီးစဉ်ဖြစ်သည့် သြစတြေးလျနိုင်ငံသို့ ဆက်လက်သယ်ဆောင် အပူဇော်ခံပြသမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)