Connect with us

Asia

ကာဂျစ်စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

ကာဂျစ်စတန်နိုင်ငံတွင် မဲဆန္ဒရှင် တစ်ဦးက ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘီရှ်ကတ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ကာဂျစ်စတန်နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးခြင်းများ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) နံနက်ပိုင်းတွင် စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်သူ သုံးသန်းခန့်က နိုင်ငံပြင်ပရှိ မဲရုံ ၃၇ ရုံအပါအဝင် မဲရုံပေါင်း ၂၃၇၅ ရုံမှတစ်ဆင့် သင့်လျော်သော အနာဂတ် ခေါင်းဆောင်အား မဲပေး ရွေးချယ်ကြမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ဗဟို ကော်မရှင်က ပြောကြားခဲ့သည်။ဝင်ရောက်ယှဉ်ပြိုင်သည့် သမ္မတလောင်း ၁၃ ဦး ရှိခဲ့သော်လည်း နှစ်ဦးမှာ ရွေးကောက်ပွဲအကြို ပြိုင်ပွဲများမှ နုတ်ထွက်ခဲ့သဖြင့် လက်ရှိတွင် သမ္မတလောင်း ၁၁ ဦးက ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။မဲပေးခြင်းအား ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီအချိန်မှ စတင်ပြီး ည ၈း၀၀ နာရီအချိန်တွင် မဲရုံများ ပိတ်သိမ်းမည် ဖြစ်သည်။ ထို့နောက် ကနဦး ရလဒ်များအား ထုတ်ပြန်ပေးမည် ဖြစ်သည်။

ရွေးကောက်ပွဲအား လေ့လာရန် နိုင်ငံပေါင်း ၅၈ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၄၆ ဖွဲ့မှ လေ့လာသူ ၈၀၀ ခန့်က လေ့လာကြီးကြပ်သွားမည် ဖြစ်ကြောင်း သိရသည်။ကာဂျစ်စတန်နိုင်ငံ၏ အခြေခံ ဥပဒေအရ သမ္မတအား ခြောက်နှစ်သက်တမ်းအတွက် ရွေးချယ်ခြင်း ဖြစ်ပြီး သမ္မတ တစ်ဦးအနေဖြင့် ပြန်လည်ရွေးချယ်ခံရရန် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပေ။ လက်ရှိ သမ္မတ Almazbek Atambayev က ဒီဇင်ဘာလ ၁ ရက်တွင် တာဝန်ပြီးဆုံးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.