Connect with us

Asia

ဂျပန်နိုင်ငံ ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ဂျပန်နိုင်ငံ ချီဘားစီရင်စုရှိ ရှုခင်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ပိုင်း ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်တစ်ခု မေလ ၂၅ ရက်က လှုပ်ရှားသွားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃း၂၀ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်လတ္တီကျု ၃၅.၃ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၀.၃ ဒီဂရီ၊ မြေအောက်အနက် ၄၀ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုငလျင်အား ချီဘားစီရင်စုရှိ အချို့နေရာများ၌ အဆင့် ၅ အောက်သတ်မှတ်ထားသည်ဟု ဆိုသည်။

ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.