Connect with us

Asia

တရုတ်နိုင်ငံ တွင် ကြံ့လေ့လာရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် နီပေါနိုင်ငံက ကြံ့အထီး၊ အမ နှစ်စုံ လက်ဆောင်ပေး

နီပေါနိုင်ငံ ချစ်ဝမ် သဘာဝ ဥယျာဉ်ရှိ ချိုတစ်ချောင်းပါ ကြံ့ သားအမိအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အစိုးရက တရုတ်နိုင်ငံသို့ ချိုတစ်ချောင်းပါ ကြံ့အထီး၊ အမ နှစ်စုံ အား လက်ဆောင်အဖြစ် ပေးပို့ရန် ဇူလိုင်လ ၁၀ ရက်က ဆုံးဖြတ်ခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ခတ္တမန္ဒူမြို့တွင် ဇူလိုင်လ ၁၀ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်အား အစိုးရအဖွဲ့ဝန်ကြီးများ ကောင်စီအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြောရေးဆိုခွင့်ရှိသူ က “တရုတ်နိုင်ငံ အစိုးရအနေနဲ့ ကြံ့မျိုးစိတ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ သုတေသန လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် တရုတ်နိုင်ငံသို့ ကြံ့အထီး၊ အမ နှစ်စုံအား လက်ဆောင်အဖြစ် ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
နီပေါနိုင်ငံတွင် လက်ရှိ၌ ကြံ့အကောင်ရေ ၆၄၅ ကောင် ရှိကြောင်း ခတ္တမန္ဒူ ပို့စ် အွန်လိုင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ ၎င်းတို့အနက် ၆၀၅ ကောင်မှာ နီပေါနိုင်ငံ အလယ်ပိုင်း ရှိ ချစ်ဝမ် သဘာဝ ဥယျာဉ်တွင် နေထိုင် ကျက်စားလျက် ရှိကြောင်းနှင့် တရုတ်နိုင်ငံသို့ ပေးပို့သွားမည့် ကြံ့နှစ်စုံသည် အဆိုပါ ဥယျာဉ်အတွင်းမှ ရွေးချယ်ထားသော ကြံ့များ ဖြစ်ကြောင်း ခတ္တမန္ဒူ ပို့စ် အွန်လိုင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.