Asia
တောင်ကိုရီးယားရေတပ်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ဆိုးလ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ရေတပ်အခြေစိုက်စခန်း တစ်ခုရှိ ရေငုပ်သင်္ဘောပြုပြင်ရေးသင်္ဘောကျင်းတစ်ခု ၌ သြဂုတ်လ ၁၆ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ လူတစ်ဦး သေဆုံးပြီး အခြားလူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနက တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဋ္ဌာန၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Gyeongsang ပြည်နယ်၊ Jinhae ခရိုင် ရှိ ရေငုပ်သင်္ဘောပြုပြင်ရေးသင်္ဘောကျင်း တစ်ခု၌ ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းစခန်းသည် တောင်ကိုရီးယားနိုင်ငံ ရေတပ်တပ်ဖွဲ့၏ ပင်မ အခြေစိုက် စခန်းလည်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုသည် ရေငုပ်သင်္ဘောတစ်စီးအား ပြင်ဆင်မှုများ ပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲရခြင်း အကြောင်းရင်း အသေးစိတ်ကို မသိရှိသေးကြောင်း သိရသည်။ (Xinhua)