Connect with us

Asia

ယီမင်ရှိ လူသားချင်းစာနာမှု အကူအညီပေးရေး ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရခြင်းအား ကုလသမဂ္ဂအကြီးအကဲ ရှုတ်ချ

လေကြောင်းမှ တိုက်ခိုက်ခြင်းခံရသော ယီမင်အကူအညီပေးရေးဆေးရုံအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ ဖွင့်လှစ်ထားသော ယီမင်နိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဆေးရုံအား လေကြောင်းမှ တိုက်ခိုက်ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့် ရန်လိုမှုကိုအဆုံးသတ်ကြရန် နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရးမှူးချုပ် ဘန်ကီမွန်းက သြဂုတ်လ ၁၆ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း Hajja ပြည်နယ်အတွင်းရှိ လူသား ချင်းအကူအညီပေးရေးဆေးရုံသည် သြဂုတ်လ ၁၅ ရက်တွင် ဆော်ဒီအာရေးဗီးယားဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့က လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရရခဲ့ကြောင်းသိရသည်။
“ ဆေးရုံတွေနဲ့ဆေးဝန်ထမ်းတွေကို နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့အကာအကွယ်ပေးထားပြီးသားပါ ။ ဘယ်အရပ်သားကိုမဆို(ဒါမှမဟုတ်) အခြေခံအဆောက်အအုံတွေကိုမဆို တိုက်ခိုက်တာဟာ နိုင်ငံတကာလူသားချင်စာနာမှုဆိုင်ရာ ဥပဒေကို အပြင်းအထန်ချိုးဖောက်ရာရောက်ပါတယ်” ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယီမင်နိုင်ငံသည် ဟူတီသူပုန်များထိန်းချုပ်ထားရာမှ အစိုးရတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်ခဲ့သည့် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းကတည်းက ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ဆော်ဒီအာရေးဗီးယား နှင့် ၎င်း၏ မဟာမိတ်များသည် ယီမင်ပြည်ပြေးအစိုးရအား အကူအညီပေးရန် ၂ဝ၁၅ ခုနှစ်က ယီမင်အရေး နိုင်ငံတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။ သို့သော် သူပုန်များထိန်းချုပ်ထားသည့် Sanna မြို့တော်အား ပြန်လည်သိမ်းပိုက်နိုင်သေးခြင်းမရှိကြောင်း သိရသည်။
ယီမင်နိုင်ငံ၌ စစ်မက်ဖြစ်ပွားခြင်း နှင့် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် အနည်းဆုံး လူပေါင်း ၆၄ဝဝ ကျော်သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်းသိရသည်။ အဆိုပါ ပဋိပက္ခများကြောင့် နိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းပေါင်း ၇ဝ ကျော်သည် ပျက်စီး (သို့မဟုတ်) ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.