Asia
တောင်ကိုးရီးယားလူငယ် အလုပ်လက်မဲ့နှုန်း ဇွန်လတွင် ၁၇ နှစ်တာကာလအတွင်း အမြင့်ဆုံးရောက်ရှိ
ဆိုးလ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
၂ဝ၁၆ ခုနှစ် ဇွန်လတွင် တောင်ကိုးရီးယား လူငယ်များကြား အလုပ်လက်မဲ့နှုန်းသည် လွန်ခဲ့သော ၁၇ နှစ်အတွင်း ဇွန်လ၏ အမြင့်ဆုံး အလုပ်လက်မဲ့ စံချိန်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံအစိုးရက ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကိုးရီးယားနိုင်ငံရှိ အသက် ၁၅ နှစ် မှ ၂၉ နှစ်အတွင်း လူငယ်များ၏ အလုပ်လက်မဲ့နှုန်းသည် ဝ.၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇွန်လတွင် ၁ဝ.၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ တောင်ကိုးရီးယားနိုင်ငံ၌ ၁၉၉၉ ခုနှစ် ဇွန်လက အလုပ်လက်မဲ့နှုန်း ၁၁.၃ ရာခိုင်နှုန်း ထိ အမြင့်ဆုံး စံချိန်တင်ထားကြောင်း နှင့် ယခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော အလက်လက်မဲ့နှုန်းသည် ၁၉၉၉ ဇွန်လ နောက်ပိုင်း အမြင့်ဆုံး အနေအထားတစ်ရပ်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံ စစ်တမ်းများအရ သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ မှ စတင်ကာ တောင်ကိုးရီးယားလူငယ်များအကြား အလုပ်လက်မဲ့နှုန်းသည် စံချိန်ချိုးခဲ့သည်။ ယခင်နှစ်ဇွန်လ ဖြင့် နှိုင်းယှဉ်ပါက အလုပ်လက်မဲ့ဦးရေသည် ၁၈ဝဝဝ ထိ မြင့်တက်ခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဇွန်လတွင် ၃.၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ဝ.၃ ရာခိုင်နှုန်းလျော့ကျသွားကြောင်း သိရသည်။ အဆိုပါ အလုပ်လက်မဲ့နှုန်းအား ပြီးခဲ့သော လက ၄၆ဝဝဝ ဦးထိလျော့ချ နိုင်ခဲ့ကြောင်း သိရသည်။
တောင်ကိုးရီးယားနိုင်ငံ၌ ဇွန်လအတွင်း အလုပ်အကိုင် လုပ်ကိုင်နေသူပေါင်း ၂၆,၅၅၉,ဝဝဝ ဦး ရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၃၅၄,ဝဝဝ ဦးထက်ပိုများကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် မေလတွင် ၂၆၁,ဝဝဝ ဦး နှင့် ဧပြီလတွင် ၂၅၂,ဝဝဝ ဦးထက် ဇွန်လတွင် အလုပ်အကိုင်ရခဲ့သူ ပို၍ တိုးတက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဝ.၃ ရာခိုင်နှုန်းတိုးတက်လာသော ပမာဏသည် ယခင်နှစ်အစောပိုင်း ဇွန်လမှ ယခုအထိရှိခဲ့သော ၆၁.၂ ရာခိုင်နှုန်းအပေါ်တွက်ချက်ထားခြင်းဖြစ်ပြီး OECD နည်းအရ အသက် ၁၅ နှစ် မှ ၆၄ နှစ်အတွင်း ဝ.၅ ရာခိုင်နှုန်း မှ ၆၆.၅ ရာခိုင်နှုန်းအထိ အဆင့်သတ်မှတ်ချက်ရကြောင်း သိရသည်။ (Xinhua)