Connect with us

Asia

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဘော်ဒါဆောင် တစ်ခု မီးလောင်မှု ကြောင့် အနည်းဆုံး ကျောင်းသူ ၁၇ ဦး သေဆုံး

မီးလောင်မှု ဖြစ်ပွားနေသည့် ဘော်ဒါဆောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Rai မြို့ရှိ မိန်းကလေး ဘော်ဒါဆောင် တစ်ခုတွင် မေလ ၂၂ ရက် ညက မီးလောင်မှု ဖြစ်ပွားခဲ့၍ ကျောင်းသူ ၁၇ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရ ရှိခဲ့ကာ ၂ ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း သတင်းစာ တစ်စောင်က မေလ ၂၃ ရက်တွင် ဖော်ပြ ခဲ့သည်။

သတင်းစာတွင် ဖော်ပြထားချက်အရ မီးလောင်မှုသည် Wiengpapao ဒေသရှိ Pithakkiart Witthaya စာသင်ကျောင်း၏ ဘော်ဒါ ဆောင်တွင် မေလ ၂၂ ရက် ည ၁၁ နာရီ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့် သေဆုံးသူ မိန်းကလေး အများစုသည် အသက် ၅ နှစ် မှ ၁၂ နှစ် အတွင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘော်ဒါဆောင်တွင် နေထိုင်နေသည့် ကျောင်းသူ ၃၈ ဦး ရှိပြီး Chiang Rai နှင့် Chiang Mai မြို့များရှိ ရွာများမှ မြို့ထဲသို့ လာရောက် ပညာ သင်ကြားကြသူများ ဖြစ်ကြောင်း သိရသည်။
မီးငြိမ်းသွား ပြီးနောက် တာဝန်ရှိသူများသည် ကျောင်းသူ အနည်းငယ်ကိုသာ ကယ်ထုတ်နိုင်ခဲ့ပြီး အဆောင် အတွင်း၌ ကျန်ကျောင်းသူများ ပိတ်မိ ကျန်ရှိနေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.