Asia
နီပေါယောဂပညာရှင် အကြာဆုံး ယောဂကစားပြခြင်းဖြင့် ကမ္ဘာ့ စံချိန်တင်၊ ဂင်းနစ် လက်မှတ် လက်ခံရရှိ

ခတ္တမန္ဒူ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
နီပေါယောဂကုထုံး ပညာရှင် Uttam Muktan သည် အချိန်အကြာဆုံး ယောဂ ကစားပြခြင်းဖြင့် အမျိုးသားအုပ်စုတွင် ဂင်းနစ် စံချိန်တင် ခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ် Muktan သည် ယောဂကျင့်စဉ် အား နာရီ ၅၀ နှင့် ၁၅ မိနစ် မရပ်မနား ပြုလုပ်ပြခြင်းဖြင့် ကမ္ဘာ့ဂင်းနစ် စံချိန်တင် လက်မှတ်အား နိုင်ငံတကာ ယောဂနေ့တွင် လက်ခံရရှိခဲ့သည်။
အခြား နီပေါယောဂ သင်တန်းဆရာ တစ်ဦးကလည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ယောဂကျင့်စဉ် ပုံစံ ၁,၀၀၀ အား သရုပ်ပြ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့စံချိန် ချိုးသွားနိုင်သည့် ၎င်းသရုပ်ဖော်မှု အား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူး ထားကာ ယင်း ဗီဒီယိုအား ကမ္ဘာ့ဂင်းနစ် မှတ်တမ်း အဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
ခြောက်လနီးပါး ကြိုးပမ်းအားထုတ်ပြီးနောက် Muktan သည် ယခင် နာရီ ၄၀ ၊ ၁၅ မိနစ် ယောဂကစားခြင်းဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ဂင်းနစ် စံချိန်တင်ခဲ့သော အိန္ဒိယ ယောဂဆရာကို ကျော်ဖြတ်၍ စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
Muktan အား နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oli က ဂင်းနစ်စံချိန်တင် လက်မှတ်အား ပေးအပ်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ဆုကြေး အဖြစ် ရူပီး ၅၀,၀၀၀ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)