Connect with us

Asia

ပင်လယ်ရေကြောင်း လုံခြုံရေး မြှင့်တင်ရန် ဒေသတွင်း ဆွေးနွေးပွဲများ အင်ဒိုနီးရှားတွင် ပြုလုပ်မည်

လွတ်မြောက်လာသည့် အင်ဒိုနီးရှား ဓားစာခံများအား အင်ဒိုနီးရှား အစိုးရ အရာရှိများက ဂျကာတာရှိ လေတပ် အခြေစိုက်ခန်း တစ်ခုတွင် ကြိုဆို နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မေ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံများမှ စစ်တပ် အကြီးအကဲများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ စုဝေးကာ ဒေသတွင်း ပင်လယ် ဓားပြများ၏ ခြိမ်းခြောက်မှုများမှ လွတ်ကင်းရန် ပင်လယ်ရေကြောင်း ဆိုင်ရာ လုံခြုံရေး အစည်းအဝေးအား မေလ ၅ ရက်၌ အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်ရန် ရှိကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုးဒိုက မေလ ၁ ရက်က သမ္မတရုံးက ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

အဘူဆာရက်ဖ် စစ်သွေးကြွ အဖွဲ့က လွှတ်ပေးလိုက်သည့် အင်ဒိုနီးရှား နိုင်ငံသား ဓားစာခံ ၁၀ ဦးနှင့် ပတ်သက်၍ ဖိလစ်ပိုင် အစိုးရနှင့် ဓားစာခံများ လွတ်မြောက်ရန် ပူးပေါင်းပါဝင်သည့် အင်ဒိုနီးရှားနိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်း သမ္မတ ဝီဒိုဒိုက ပြောသည်။
အဘူ ဆာရက်ဖ် စစ်သွေးကြွ အဖွဲ့က ဧပြီလ အတွင်းက ဖမ်းဆီးထားသည့် အခြား အင်ဒိုနီးရှား ဓားစာခံ ၄ ဦး လွတ်မြောက်ရေး ကိုလည်း အင်ဒိုနီးရှား အစိုးရက ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အနောက် ဂျာဗားရှိ Bogor မြို့တွင် ဝီဒိုဒိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မတ်လအတွင်းက ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဘူ ဆာရက်ဖ် စစ်သွေးကြွ အဖွဲ့သည် ဖိလစ်ပိုင် ရေပိုင်နက်၌ ဆွဲသင်္ဘော တစ်စီးနှင့် စက်တပ် သမ္ဗန်တစ်စီးတို့မှ အင်ဒိုနီးရှား အလုပ်သမား ၁၀ ဦးအား အဓမ္မ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။
ယင်းသို့ ဖမ်းဆီး ခေါ်ဆောင်ပြီး ရက်သတ္တပတ်များ အကြာတွင် အခြား အင်ဒိုနီးရှား နိုင်ငံသား ၄ ဦးအား ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.