Connect with us

Asia

ပါကစ္စတန် ရှိ ဗလီတစ်ခု တွင် ပေါက်ကွဲမှုကြောင့် လူ ၁၀ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ၏ ဗလီတစ်ခုတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် ရှိ ဗလီတစ်ခုအတွင်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များအရ ပေါက်ကွဲမှုသည် Balochistan ပြည်နယ် Chaman ဧရိယာ ရှိ ဗလီ၏ အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အတူ ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို ဆေးကုသပေးရန် ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဗလီအတွင်းရှိ လူများ ကြောက်လန့်တကြားထွက်ပြေးရာ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ကြောင်း နှင့် ဖောက်ခွဲရေးပစ္စည်းများအား ဗလီရှိ ဗီဒိုတစ်ခု ၌ ဖွက်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဆေးရုံသတင်းရင်းမြစ်များကပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှု နှင့် ပတ်သက်၍ မည်သည့်အဖွဲ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.