Connect with us

Asia

ပါကစ္စတန်တွင် ခရီးသည်တင်ကား တစ်စီး ချောက်ထဲပြုတ်ကျ၍ အနည်းဆုံး ၁၃ဦးသေဆုံး

ပါကစ္စတန်တွင် ချောက်ထဲပြုတ်ကျခဲ့သည့် ခရီးသည်တင်ကားတစ်စီးအား ပြန်လည် ဆွဲတင်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမာဘတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မှ ထိန်းချုပ်ထားသည့် ကတ်ချ်မီးယား ဒေသ တွင် ချောက် တစ်ခုထဲသို့ ဇူလိုင်လ ၂ ရက်နေ့က ခရီးသည်တင်ကား တစ်စီး ပြုတ်ကျခဲ့၍ အနည်းဆုံး ၁၃ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ များက သတင်းထုတ်ပြန်ခဲ့သည်။

Dawn သတင်းဋ္ဌာန ၏ ဖော်ပြချက်အရ ယာဉ် မတော်တဆမှုသည် နိုင်ငံ၏ အရှေ့မြောက်ဘက် ကတ်ချ်မီးယားဒေသ ရှိ ရာဝါလာကော့ ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားပုံမှာခရီးသည်တင် ကားမောင်းသူ သည် လမ်းကွေ့ ရှိကြောင်း သတိပေးထားသည့် လမ်းညွှန်ဆိုင်းဘုတ်အား သတိမပြုမိဘဲ မောင်းနှင်ရာ အကွေ့တွင် ထိန်းချုပ်မှု ကင်းလွတ်ခဲ့ပြီး ချောက်ထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်ကား တွင် ခရီးသည် ၂၀ဦးကျော်လိုက်ပါလာပြီး နိုင်ငံ၏ မြောက်ဘက် ရှိ ရာဝယ်ပင်တီ မြို့မှ ရာဝါလာကော့မြို့သို့ သွားရောက်စဉ် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေး အဖွဲ့များက နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ပါကစ္စတန်နိုင်ငံ တွင် လမ်းများ ပြုပြင်ထိန်းသိမ်းမှု နည်းပါးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ချိုးဖောက်ခြင်း နှင့် မဆင်မခြင် မောင်းနှင်းမှု များကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ပါကစ္စတန် စာရင်းအင်းဆိုင်ရာ ဗျူရိုမှ အချက်အလက်များအရ ပါကစ္စတန်နိုင်ငံ တွင် နှစ်စဉ်ယာဉ်တိုက်မှုပေါင်း ၉၀၀၀ကျော်ဖြစ်ပွားလျက်ရှိပြီး နှစ်စဉ် ပျမ်းမျှ လူ ၅,၀၀၀ ခန့် ယာဉ်မတော်တဆမှုကြောင့်သေဆုံးနေရကြောင်း သိရသည်။
ယာဉ်ထိန်းရဲအရာရှိများက ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများ၏ ၉၀ရာခိုင်နှုန်းသည့် လူ့အမှားကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.